Wednesday, November 30, 2016

အိုဟိုင်းယိုးတက္ကသိုလ်အတွင်း ဓားကိုင်တိုက်ခိုက်မှု လူ ၁၁ ဦး ဒဏ်ရာရ




 
 
အိုဟိုင်းယိုး နိုဝင်ဘာ ၂၉

အိုဟိုင်းယိုးပြည်နယ်တွင် တက္ကသိုလ်ကျောင်းသားတစ်ဦး တနင်္လာနေ့က ဓားတစ်လက်ကိုင်ဆောင်ကာ ကား တစ်စီးဖြင့် လိုက်လံတိုက်ခိုက်မှုကြောင့် လူ ၁၁ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အကြမ်းဖက်လုပ်ရပ်ဟု ယူဆသည့် အတွက် ရဲများက လိုက်လံတိုက်ခိုက်သူကို သေနတ်ဖြင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း အမေရိကန်လွှတ်တော် အမတ်နှင့် အခြားအစိုးရသတင်းအရင်းမြစ်က ဖော်ပြခဲ့ သည်။

တိုက်ခိုက်မှုပြုလုပ်သူမှာ အဗ္ဗဒူရာ ဇတ်အာတန်ဆိုသူဖြစ်ကြောင်းသိရပြီး ၄င်းသည် ကိုလံဘတ် တက္ကသိုလ် ဝင်းတွင် လူအုပ်ကြားထဲသို့ကားကို မောင်းဝင်သွားကာ ကားထဲမှ ခုန်ထွက်လိုက်ပြီး အသားလှီးဓားဖြင့် အနားရှိလူများကို ထိုးခဲ့ကြောင်း အိုဟိုင်းယိုး ပြည်နယ် တက္ကသိုလ် အများပြည်သူလုံခြုံရေးဆိုင်ရာ ညွှန်ကြား ရေးမှူး မော်နီကာမိုးလ်က ပြောခဲ့သည်။ တိုက်ခိုက်သူမှာ အသက် ၁၈ နှစ် ရှိပြီး ဆိုမာလီယာမှ ရွေှ့ ပြောင်း အခြေ ချသူ ဖြစ်ကြောင်းသိရကာ အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်သူဖြစ်ကြောင်း သိရ သည်။
(ရိုက်တာ)




No comments:

Post a Comment