Wednesday, November 2, 2016

မန္တလေး-လားရှိုးပြည်ထောင်စုကားလမ်းမတွင် ၁၂ ဘီးယာဉ်နှင့် ကုန်တင်ယာဉ်တို့ စက်ချွတ်ယွင်း၍ လမ်းပိတ်ဆို့မှုဖြစ်ပွား



Image may contain: outdoor
သီပေါ နိုဝင်ဘာ ၁
မန္တလေး-လားရှိုးပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သီပေါမြို့နယ် ကုန်းသာ တောင်အတက်လမ်း၌ အောက်တိုဘာ ၃ဝ ရက် ည ၉ နာရီခန့်က ၁၂ ဘီးယာဉ် နှင့် ကုန်တင်တွဲယာဉ်တစ်စီးတို့ စက်ချွတ်ယွင်း၍ လမ်းပိတ်ဆို့မှုဖြစ်ကာ နှစ်ဖက် အသွားအလာယာဉ်များ တန်းစီစောင့်ဆိုင်းခဲ့ရသည်။
အဆိုပါဖြစ်ပွားရာသို့ ကျောက်မဲခရိုင်အမှတ်(၁၂ဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ခင်မောင်မြင့်၊ သီပေါယာဉ်ထိန်းရဲတပ်စိတ်မှ ရဲတပ်ကြပ်ကြီးဝင်းဇော်လတ် နှင့် တာဝန်ရှိသူများလာရောက်ရှင်းလင်းခဲ့ရာ အောက်တိုဘာ ၃၁ ရက် နံနက် ပိုင်းတွင် ခေတ္တမျှလမ်းပွင့်ခဲ့သော်လည်း နှစ်ဖက်ယာဉ်များ အထူးများပြားလာ သဖြင့် လမ်းပြန်ပိတ်သွားခဲ့သည်ဟုသိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆက်လက်ရှင်းလင်း ဆောင်ရွက်ခဲ့ကြရာ အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် ယာဉ်လမ်းကြောင်း တစ်ခုလုံး ပြန်လည်ပွင့်သွားပြီး အတက်အဆင်းယာဉ်များကို စနစ်တကျစီစဉ် စေလွှတ်ပေးနိုင်ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ကြပ်ကြီးဝင်းဇော်လတ်၏ပြောပြ ချက်အရ သိရသည်။။
(သီပေါကိုလတ်)

No comments:

Post a Comment