Wednesday, November 2, 2016

ကျွမ်းကျင်မှုဆိုင်ရာ ကာလတို၊ ကာလရှည်သင်တန်းများ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)တွင် အမြန်ဆုံးပြင်ဆင်ဖွင့်လှစ်နိုင်ရေး မှာကြား



Image may contain: 1 person , tree, shoes, plant, child, outdoor and nature
ရန်ကုန် နိုဝင်ဘာ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အစိုးရ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းသို့ ရောက်ရှိရာ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အအုံများ ပြင်ဆင်နိုင်ရေး၊ သင်ကြား စီမံကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ယခင်ဖွင့်လှစ်ခဲ့သည့် AGTI ပုံမှန် သင်တန်းများအပြင် စီးပွားရေးအထူး ဇုန်များ၊ စက်မှုဇုန်များနှင့် အသေးစား၊ အလတ်စားနှင့် စက်မှုလက်မှုလုပ်ငန်းများအတွက် လိုအပ်သောနည်းပညာ ကျွမ်းကျင်သူများ လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးအတွက် ကျွမ်းကျင်မှု ဆိုင်ရာကာလတို၊ ကာလရှည် သင်တန်းများကို အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်)တွင် အမြန်ဆုံး ပြင်ဆင်ဖွင့်လှစ်နိုင်ရေး၊ စီမံကိန်းများ စနစ်တကျချမှတ်၍ အဆောက်အအုံများ ထပ်မံတိုးချဲ့ ဆောက်လုပ်နိုင် ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မှာကြားသည်။
ထို့နောက် ရန်ကုန်မြို့ပြအမွေ အနှစ်စာရင်းဝင်ဖြစ်သည့် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၏ ပင်မစာသင်ဆောင်နှင့် ကျောင်းသား အိပ်ဆောင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး အမြန်ဆုံးပြုပြင်ဆောင် ရွက်နိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment