Wednesday, November 30, 2016

ရာသီဥတုပြောင်းလဲမှုများကိုတုံ့ပြန်နိုင်ရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီး ယင်းစိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရန် အမျိုးသားစွမ်းဆောင်ရည်များ မြှင့်တင်တည်ဆောက်သွားရမည်ဖြစ်



 

နေပြည်တော်   နိုဝင်ဘာ   ၂၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက် မှုအသင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒေါက်တာ အောင်သူ၊ ဦးဖေဇင်ထွန်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာသံရုံးများမှသံအမတ်ကြီးများ၊ အစိမ်းရောင်စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအသင်း(မြန်မာ)မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။                                                                       
          
ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က က္ဘာနှင့်တစ်ဝန်း တွင်   ကြုံတွေ့နေရသည့်   ရာသီဥတု ပြောင်းလဲမှု တိုးပွားလာခြင်း၏ ဆိုးကျိုး များ၊ ဂေဟစနစ်လျင်မြန်စွာ ယိုယွင်း ပျက်စီးနေမှုများ၊ သစ်တောပြုန်းတီးမှုများ၊  မျိုးသုဉ်းရန် အ္တရာယ်ရှိသော မျိုးစိတ်နှင့် တောရိုင်းတိရ္ဆာန်ဆုံးရှုံးမှုများ၊ လေထု၊ သမုဒ္ဒရာ၊ မြစ်ချောင်း၊ ရေကန်၊ မြေထု ညစ်ညမ်းမှုများနှင့်   ကူးစက်ရောဂါများ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိ ပျံ့နှံ့ နေမှု စသည့် ဖြေရှင်းရန်ခက်ခဲလှသည့် ပြဿနာများကို မြန်မာနိုင်ငံအနေဖြင့် လည်း ကြုံတွေ့ ခံစားနေရပါကြောင်း။

မိမိတို့အားလုံးကို ထိခိုက်မှုများ ဖြစ် စေသော က္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် နှင့်   ဂေဟစနစ်ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှုများကို တုံ့ပြန်နိုင် ရန်အတွက် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုသည်   အလွန်အရေးကြီး ပါကြောင်း။
သဘောတူညီချက်များ ချမှတ်ပြီးဖြစ်
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခံနိုင်ရည်ပြည့်ဝစေရေး၊ တန်းတူညီမျှ မှုရှိစေရေးနှင့်    အလုံးစုံပါဝင်သည့် အနာဂတ်ကို   ပိုင်ဆိုင်နိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်မှု၊   သယံဇာတ အရင်း အမြစ်၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်များ ၏ ဖြေရှင်းရခက်သည့် ဆက်စပ်နေမှုများ ကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် အရေး တကြီး  လိုအပ်သည့်မူဝါဒများ၊  မဟာ ဗျူဟာများနှင့်  လက်တွေ့ဆောင်ရွက်မှု များကို   ပေါင်းစပ်ဆောင်ရွက်နိုင်ရန် အထောက်အကူဖြစ်စေသည့် သဘော တူညီချက်များကို ကုလသမဂ္ဂညီလာခံ များတွင် ချမှတ်ပြီးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည်    ရာသီဥတု ပြောင်းလဲမှုကို   ရင်ဆိုင်ဖြေရှင်းနိုင်ရန် က္ဘာလုံးဆိုင်ရာ သဘောတူညီမှုဖြစ်သည့် ၂ဝ၁၅ ခုနှစ် ပါရီသဘောတူညီချက်၊  ကုလသမဂ္ဂ၏  ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး   ရည်မှန်းချက်များ၊ ဟိုက်ဒရိုဖလူရိုကာဗွန် (HFC) ထုတ်လုပ် မှုနှင့်      သုံးစွဲမှုလျှော့ချရပ်ဆိုင်းရေး စသည့် လတ်တလောချမှတ်ဆောင်ရွက် ခဲ့သည့် နိုင်ငံတကာကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ အားလုံးနှင့် နောင်လာနောက်သားများ အပေါ် အမှန်တကယ် ဆိုးကျိုးဖြစ်ပေါ်စေ မည့် က္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများ ကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် အပြည် ပြည်ဆိုင်ရာအသိုက်အဝန်းတွင် အလေး အနက်ထား  ပါဝင်ဆောင်ရွက်လျက်ရှိပါ ကြောင်း။

မိမိတို့အနေဖြင့် ဆင်းရဲမှုလျှော့ချရန် နှင့် ငတ်မွတ်ခေါင်းပါးမှုကို တားဆီးရန်၊ ကလေးသူငယ်များ အာဟာရချို့တဲ့မှုနှင့် ဖွံ့ဖြိုးမှုနိမ့်ကျနေမှု   ပပျောက်စေရန်၊ ဘေးကင်းလုံခြုံပြီး     ကျန်းမာရေးနှင့် ညီညွတ်သည့် အလုပ်အကိုင်အခွင့်အလမ်း များ တိုးပွားစေရန်၊ အရည်အသွေးပြည့်မီ သည့် ပညာရေးနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ ပံ့ပိုးပေးရန်၊ သဘာဝဘေး အ္တရာယ်များနှင့်အခြားသော ဦးစားပေး ကိစ္စရပ်များကို လျင်မြန်စွာတုံ့ပြန် ဆောင် ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ယင်းတို့ကို မြန်မာနိုင်ငံအနေဖြင့်   အခြားနိုင်ငံများ နည်းတူ ရင်ဆိုင်ကြုံတွေ့နေပြီး အတူတကွ ဖြေရှင်းဆောင်ရွက်ရမည့် ဦးစားပေးကိစ္စ ရပ်များ ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့်   ယင်းစိန်ခေါ်မှု များကို တုံ့ပြန်နိုင်ရန်အတွက် မိမိတို့၏ အမျိုးသား    စွမ်းဆောင်ရည်များကို မြှင့်တင်တည်ဆောက်သွားရမည် ဖြစ်ပါ ကြောင်း၊ မိမိတို့သည် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ   ထူးခြားသော    ပြောင်းလဲမှုကို ဦးတည်စေသည့် လမ်းကြောင်းနှင့် ပေါင်း စည်းဆောင်ရွက်သွားရမည့်    အခွင့် အလမ်းများကို ဖော်ထုတ်သတ်မှတ်ပြီး ရရှိသည့် အခွင့်အလမ်းများအပေါ် မူတည် ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်သည့် နေရာတွင်လည်း စရိတ် ကုန်ကျမှုများပြားပြီး ရေရှည်တည်တံ့နိုင် မှု မရှိသည့်၊ ပြည့်စုံမှုမရှိသည့် မူဝါဒများနှင့် စီမံကိန်းများကို  ရှောင်ရှားရမည်  ဖြစ်ပါ ကြောင်း။

ဆွေစဉ်မျိုးဆက်အခွင့်အလမ်းဖြစ်
မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံ များ တွေ့ကြုံခဲ့ရသည့် သင်ခန်းစာများမှ အကျိုးကျေးဇူးများ အသေအချာရရှိနိုင် မည်ဖြစ်ပါကြောင်း၊  လူသားနှင့် သဘာဝ သယံဇာတ  အရင်းအမြစ်ပေါများသည့်  ဖွံ့ဖြိုးစနိုင်ငံတစ်နိုင်ငံအနေဖြင့် ရေရှည် တည်တံ့သည့်၊  ခံနိုင်ရည်ရှိသည့်၊ စနစ်ကျ သည့်၊ အလုံးစုံပါဝင်သည့်၊ ညီညွတ်မျှတ သည့် ပြုပြင်ပြောင်းလဲမှုများအတွက် အလားအလာကောင်းများ    ရှိနေပါ ကြောင်း၊ ထိုအချက်များသည် မိမိတို့ ရရှိ နိုင်ရန်   ရည်မှန်းထားသည့်   ဆွေစဉ် မျိုးဆက်ဆိုင်ရာ  အခွင့်အလမ်းတစ်ရပ် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့်    ရေရှည် စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ရရှိစေရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင်  ပေါင်းစပ်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် ပင်မလုပ်ငန်းစဉ်၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်၊ အစိမ်းရောင်စီးပွား ရေးဆိုင်ရာ မူဘောင်နှင့် စွန့်ပစ်ပစ္စည်း စီမံမှုဆိုင်ရာမဟာဗျူဟာနှင့် လုပ်ငန်းစဉ် များကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး  ရေးဆွဲဆောင်ရွက်လျက်ရှိ ပါကြောင်း။

ပညာရေးမြှင့်တင်
မိမိအနေဖြင့် နိုင်ငံတော်၏ ရှေ့ဆက် ဆောင်ရွက်မည့် အစိမ်းရောင်စီးပွားရေး ကူးပြောင်းဆောင်ရွက်မှု နည်းလမ်းများ အနေဖြင့် စွမ်းအင်အသစ်နှင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များ  ဖွံ့ဖြိုးတိုးတက် ရေးနှင့် အချိန်ကာလသတ်မှတ်ချက်နှင့် အတူ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံး ပြုရေးအတွက် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ခြင်း၊ စွမ်းအင်၊ ရေ၊ မြေနှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းခြင်းနှင့် အကျိုးရှိ စွာ   အသုံးချနိုင်ရေးအတွက်   တိုးမြှင့် ဆောင်ရွက်ခြင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှု ပုံစံဆိုင်ရာ အပြုအမူနှင့် အလေ့အကျင့် ကောင်းများ ပြောင်းလဲခြင်း၊ စွန့်ပစ်ပစ္စည်း ကို   အရင်းအမြစ်တစ်ခုအဖြစ်   အလေး ထားစဉ်းစားရမည့်    အခြေခံသဘော တရားများ  ပြောင်းလဲခြင်း၊   ဆန်းသစ် တီထွင်ဖန်တီးမှုများကို  အထောက်အပံ့ ဖြစ်စေမည့် စီးပွားရေးဆိုင်ရာမက်လုံးပေး မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ယ္တရားများ ဖန်တီးခြင်းနှင့် အခွင့်အလမ်းများပေါ်ထွက် လာစေရေးအတွက် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးနှင့် ပညာရေးမြှင့်တင်ခြင်း တို့ကို ဖော်ညွှန်းလိုပါကြောင်း။

ဖိုရမ်အစီအစဉ်တွင်  အစိမ်းရောင် စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုးမှုကို မြှင့်တင် နိုင်ရန်   မူဝါဒများ၊   မဟာဗျူဟာများ၊  ဘဏ္ဍာရေးကိစ္စများ၊  နည်းပညာများ၊  အကောင်းဆုံးစီမံခန့်ခွဲမှုများ၊  ပညာရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကို ဆွေးနွေးသွားမည်ဟု  သိရပါကြောင်း၊ ခေါင်းစဉ်များသည်     ကဏ္ဍအလိုက် သင့်လျော်သည့် အဆိုပြုမှုများ၊ အသိ ပညာပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်    ဆွေးနွေးနိုင်ရန် အတွက် ပြည့်စုံသည့် အစီအစဉ်တစ်ရပ် အနေဖြင့် အထောက်အကူ ဖြစ်စေပါ ကြောင်း။

ဖိုရမ်မှ ထွက်ပေါ်လာမည့် ဆွေးနွေး ညှိနှိုင်းမှုရလဒ်များသည် ပြည်သူအားလုံး ၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံတွင် အစိမ်းရောင်စီးပွားရေးဖွံ့ဖြိုးမှုကို အလေး ထား ဆောင်ရွက်နိုင်ရန် အသုံးဝင်သည့် အကြံဥာဏ်များ၊ ထည့်သွင်းဆောင်ရွက် ရမည့် အချက်အလက်များ ပံ့ပိုးပေးနိုင် မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားသည်။

သယံဇာတနှင့်  သဘာဝပတ်ဝန်း ကျင်       ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအုန်းဝင်းက က္ဘာလုံးဆိုင်ရာ သဘောတူညီချက်နှစ်ခု ဖြစ်သည့်   ရာသီဥတုပြောင်းလဲမှုနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သည်  တစ်ခုနှင့်တစ်ခု  ဆက်စပ်နေပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်မြဲစေရန်နှင့်   အထောက် အကူ  ဖြစ်စေရန်အတွက်  အစိမ်းရောင် စီးပွားရေးဆိုင်ရာ ချဉ်းကပ်မှုနှင့် အစိမ်း ရောင်စီးပွားရေး မူဝါဒမူဘောင် ရေးဆွဲရန် ဆုံးဖြတ်ခဲ့ပါကြောင်း။

စီမံခန့်ခွဲရန် အရေးကြီး
မြန်မာနိုင်ငံသည် ရေရှည်ဖွံ့ဖြိုးရေး နှင့်ပတ်သက်၍  အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သူမတူသည့် အခွင့်အလမ်း များ ရှိပါကြောင်း၊ အစိမ်းရောင် စီးပွားရေး လမ်းစဉ်ကို လျှောက်လှမ်းရန် စတင်ရမည့် အချိန်သည် ယခုအချိန်ပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် က္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့်    ထိခိုက်ခံစားရ အလွယ်ဆုံးသော နိုင်ငံများအနက် တစ်ခု အပါအဝင်ဖြစ်သည့်အတွက်   နိုင်ငံသား များ၊     နိုင်ငံ၏စီးပွားရေး   ဖွံ့ဖြိုးမှုကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို    ရေရှည် တည်တံ့အောင် စီမံခန့်ခွဲရန် အလွန်ပင် အရေးကြီးပါကြောင်း ပြောကြားသည်။

ထို့နောက် အစိမ်းရောင်စီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း အဖွဲ့ဝင် ဦးတင်ဝင်းအောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ  အိန္ဒိယသံအမတ်ကြီးMr.
Vikram Misri ၊   နော်ဝေသံအမတ်ကြီးMr. Tone Tinnes နှင့်Global
Environmental Action မှDirector-
General jzpfol Madam Wakako Hironaka တို့က နှုတ်ခွန်းဆက်စကား များ ပြောကြားကြပြီး အစိမ်းရောင်းစီးပွား ရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတည်ထောင်သူ    ပါမောက္ခ ဦးနေထွန်းက ကျေးဇူးတင်စကား ပြန် လည်ပြောကြားကာ    ဖွင့်ပွဲအခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ၊ ဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်ကြ သည့်    ဧည့်သည်တော်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။

အထောက်အကူပြုနိုင်မည်
နံနက် ၁ဝ နာရီခွဲတွင်  ပဉ္စမအကြိမ် အစိမ်းရောင်စီးပွားရေး အစိမ်းရောင်ဖွံ့ဖြိုး တိုးတက်မှုဖိုရမ်ကို    အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပြည်တွင်းပြည်ပ မှဆွေးနွေးသူ ၈ဝ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်းနှင့် ယခုဖိုရမ်သည် စဉ်ဆက်မပြတ်ရှိစေမှုနှင့် ပြန်လည်ဖွံ့ဖြိုး လာစေရန်   အားလုံးပူးပေါင်းပါဝင် ချဉ်းကပ်လုပ်ဆောင်မှုအတွက်    လမ်း ကြောင်း ဖော်ဆောင်ပေးနိုင်မည့်အပြင် စားပွဲဝိုင်းဆွေးနွေးပွဲများ၊ စုပေါင်းတင်ပြ ချက်များသည် မူဝါဒများ၊ မဟာဗျူဟာ များ၊ ကောင်းမွန်သော စီမံခန့်ခွဲမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ သိပ္ပံနှင့် နည်းပညာ များအတွက်  အကျယ်တဝင့်  ရေးသား ချက်များကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။

ယခုဖိုရမ်ကို အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ “''လက်ရှိကာလ၏ အရေးတကြီးလိုအပ်မှုနဲ့ စံနမူနာပြောင်းလဲ မှုအတွက်     ဘယ်လိုဆောင်ရွက်မလဲ''(Greening of Economic Growth,
Challenges and opportunities-
The Urgency of Now and How
for Transformational Paradigm
Change) ဆိုသည့်  ခေါင်းစဉ်ဖြင့်  ကျင်းပခြင်းဖြစ်ပြီး      လတ်တလော ဦးတည်နေသည့်  အလားအလာများကို ပြောင်းလဲပြီး  ကြုံတွေ့ရမည့်  စိန်ခေါ်မှု များနှင့်  ပြဿနာများကို ဖြေရှင်းနိုင်ရန် အတွက် လိုအပ်သည့် ဆောင်ရွက်မှုများ ကို ခြုံငုံမိစေရန် ရည်ရွယ်ခြင်းဖြစ်သည့် အတွက် အရေးပါပြီး အချိန်ကိုက်ဖြစ်နေ ကြောင်းသိရသည်။

ပဉ္စမအကြိမ်အစိမ်းရောင်စီးပွားရေး အစိမ်းရောင်     ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ ၌ နိုဝင်ဘာ ၃ဝ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment