ဟာဗားနား နိုဝင်ဘာ ၂၆
အမေရိကန်ပြည်ထောင်စု ဖိအားများ ကြားတွင် ကွန်မြူနစ်နိုင်ငံကို တည်
ထောင်ခဲ့သည့် ကျူးဘားတော်လှန်ရေး ခေါင်းဆောင် ဖီဒဲလ်ကက်စ်ထရိုသည် နိုဝင်ဘာ
၂၅ ရက်က သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၂၆ ရက်က
ဖော်ပြခဲ့သည်။ ၄င်းကွယ် လွန်ချိန်တွင် ၄င်း၏အသက်မှာ ၉ဝ ရှိပြီဖြစ်သည်။
၂ဝ ရာစုဝက်တွင် အကျော်ကြား ဆုံး နိုင်ငံရေးခေါင်းဆောင် ကက်စ် ထရို၏ အတွေးအခေါ်များမှာ ဆီုဗီယက် ဝါဒကို ကျော်လွန်ကာ သမိုင်းတွင် ကျော်ကြားခဲ့ရုံသာမက ကိုလိုနီစည်း မျဉ်းစည်းကမ်းများကို ဆန့်ကျင်တော် လှန်ခဲ့သဖြင့် ကမ္ဘာတစ်ဝန်းလုံး၏လေးစားမှုကို ခံခဲ့ရသူဖြစ်သည်။
၂ဝဝ၆ ခုနှစ် အသက်သေလုနီးပါး အစာအိမ်လမ်းကြောင်းဆိုင်ရာရောဂါ ခံစားပြီးကတည်းက ၄င်း၏ကျန်းမာရေး မှာ ဆိုးရွားလာခဲ့ကြောင်း သိရသည်။ လွန်ခဲ့သောနှစ်နှစ်က ၄င်း၏ညီငယ် ရာအူးလ်ကက်စ်ထရိုကို သမ္မတရာထူး လွှဲပြောင်း ပေးခဲ့သည်။
အစိမ်းရောင်စစ်ဝတ်စုံ ဝတ်ဆင် ထားသော အသက် ၈၅ နှစ်ရှိ လက်ရှိ သမ္မတ ရာအူးလ်ကက်စ်ထရိုက ၄င်း၏အစ်ကိုသည် နိုဝင်ဘာ ၂၅ ရက် ဒေသ စံတော်ချိန် ည ၁ဝ နာရီ ၂၉ မိနစ်တွင် သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံမှ တစ်ဆင့် ဝမ်းနည်းသောမျက်နှာဖြင့် ကြေညာခဲ့သည်။
၎င်းသည် ကျူးဘားတော်လှန်ရေး ၏ သံပြိုင်ဟစ်ကြွေးသည့်ဆောင်ပုဒ် ဖြစ်သော ''အောင်မြင်ရမည်ရှေ့သို့ချီ''ဟူသောစာသားကို နိုင်ငံပိုင်ရုပ်သံတွင် ဝမ်းနည်းစွာဖြင့် သီဆိုခဲ့သည်။ အိန္ဒိယ ဝန်ကြီးချုပ်နာရြိာမိုဒီနှင့် ဗင်နီဇွဲလား ဆိုရှယ်လစ်သမ္မတ နီကိုလက်စ်မာဒူရိုက ကမ္ဘာ့တော်လှန်ရေးတွင် ဖီဒဲလ်ကက်စ် ထရို၏ဝါဒအား လက်ကိုင်ပြုရမည်ဟု ပြောခဲ့သည်။
၎င်းသေဆုံးသည့် သတင်းသည် တဖြည်းဖြည်း ပျံ့နှံ့သွားရာ တချို့က ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ ''ကျွန်တော်အလွန် ဝမ်းနည်းပါတယ်။ သူ့ကို ဘာတွေပဲပြောပြော သူဟာ က္ဘာက လေးစားချစ်ခင်ရတဲ့ပြည်သူ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်''လို့ ၄င်းအား ချစ်မြစ်နိုးသည့် ပရိသတ် တစ်ဦးက ပြောသည်။
ကျူးဘား တော်လှန်ရေး ခေါင်းဆောင် ဖီဒဲလ်ကက်စ်ထရို၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၄င်း၏ဆန္ဒအရ ဂူသွင်းမြှုပ်နှံသင်္ဂြိုဟ်မည်ဖြစ် ကြောင်း သိရသည်။
၎င်းသေဆုံးသည့်အတွက် ကျူးဘား တွင် ကိုးရက်ကြာ ဝမ်းနည်းကြောင်း ကြေညာခဲ့သည်။ ၄င်း၏ဈာပနကို ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

(ရိုက်တာ)

No comments:
Post a Comment