နေပြည်တော် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ဒုတိယ
ရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၈၅/၂ဝ၁၅)၊ ရဲသူရတပ်ခွဲ
သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲတွင်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရဲအရာရှိ
လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းက ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်း ဆင်းတပ်ခွဲများကို စစ်ဆေးသည်။ ထို့နောက် သင်တန်းဆင်း တပ်ခွဲများမှ ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီးနောက် ရဲချုပ်က ရဲသူရ တပ်ခွဲမှ အကောင်းဆုံးကျောင်းသားဆုနှင့် အင်္ဂလိပ်စာဘာသာ ရပ် ထူးချွန်ဆုရ ဒုရဲအုပ်လောင်း မင်းမင်းသက်၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ဒုရဲအုပ်လောင်း အောင်စိုးမင်း၊ ဥပဒေဘာသာရပ် ထူးချွန်ဆုရ ဒုရဲအုပ်လောင်း အေးအေးသက်၊ ကွန်ပျူတာ ဘာသာရပ် ထူးချွန်ဆုရ ဒုရဲအုပ်လောင်း စမ်းယဉ်အေးတို့အား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရဲချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ အဆိုပါ ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ် (၈၅/၂ဝ၁၅) ရဲသူရတပ်ခွဲသို့ တပ်တွင်းဘွဲ့ရ အမျိုးသား ၁၇၅ ဦး၊ အမျိုးသမီး ၁ဝ၇ ဦး စုစုပေါင်း ၂၈၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုရဲ

No comments:
Post a Comment