Tuesday, November 1, 2016

သမိုင်းဆိုင်ရာအချက်အလက်များကို ပကတိဖြစ်ရပ်အတိုင်းထိန်းသိမ်းထားရှိရန်နှင့်သမိုင်းပညာရှင်များပေါ်ထွန်းလာရေး ဆောင်ရွက်ပေးရန် တိုက်တွန်း



Image may contain: 1 person , table and indoor
နေပြည်တော် အောက်တိုဘာ ၃၁
မြန်မာသမိုင်းအဖွဲ့ ပုံမှန်အစည်း အဝေးကျင်းပခြင်းကို အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် အမှတ်(၈၅) သီရိမင်္ဂလာလမ်းသွယ် ကမ္ဘာအေး ဘုရားလမ်းတွင် တည်ရှိသော အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို တက်ရောက်၍ မြန်မာ သမိုင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တစ်ဆက်တစ်စပ်တည်း ဖြစ်သော မြန်မာသမိုင်း ပြုစုရေးသားထုတ်ဝေ ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ကြမှုများတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ သမိုင်းမတင်မီခေတ်၊ ပဒေသရာဇ်ခေတ်၊ လွတ်လပ်ရေး ကြိုးပမ်း မှုခေတ်၊ လွတ်လပ်ရေးရရှိပြီးနောက် ယနေ့ခေတ်အချိန်အထိ ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများကို ပကတိ အရှိအတိုင်း၊ အမှန်အတိုင်း ပြုစုရေးသားထုတ်ဝေရေး၊ ထက်မြက်သည့် သမိုင်းပညာရှင်များ ပေါ်ထွန်းလာစေရန် လေ့ကျင့်ပြုစုပျိုးထောင် ပေးရေးကိစ္စရပ်များကို ရှင်းလင်းပြော ကြားသည်။
ထိုသို့ သမိုင်းအမှန်ကို ဖော်ထုတ် ခြင်းအားဖြင့် အတိတ်ဖြစ်ရပ်အမှားများကို သမိုင်းသင်ခန်းစာရယူပြီး အနာဂတ်နိုင်ငံတော်ကို ကောင်းမွန်အောင် တည်ဆောက်၍ ထိုသင်ခန်း စာများမှတစ်ဆင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် နိမ့်ကျစေခဲ့မှုများကို ပြန်လည် မြှင့်တင်ရန် အလေးအနက်ပြောကြားသည်။
မြန်မာသမိုင်းအဖွဲ့ကို ပြန်လည် ဖွဲ့စည်းပြီး သမိုင်းသုတေသနလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် တိုးမြှင့်ဆောင်ရွက်ရန်၊ လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးမည်ဖြစ်ပါ၍ မြန်မာသမိုင်း အဖွဲ့ဝင်များက သမိုင်းဆိုင်ရာ အချက်အလက်များကို ပကတိဖြစ်ရပ်အတိုင်း ဖြည့်စွက်ဖော်ထုတ်ရေးသားရန်နှင့် ထက်မြက်သည့်သမိုင်းပညာ ရှင်များပေါ်ထွန်းလာရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment