Tuesday, November 1, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်စစ်ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို



Image may contain: one or more people and outdoor
နေပြည်တော် အောက်တိုဘာ ၃၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ ဒေသ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် Gen. Fang Fenghui က ပေကျင်းမြို့ Ba Yi တပ်မတော်ခန်းမ မျက်နှာစာ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်စစ်ဦးစီးချုပ်တို့ တွေ့ဆုံကြပြီး တပ်မတော်နှစ်ရပ် ခေါင်းဆောင်များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်ကိစ္စများ၊ မဟာဗျူဟာအဆင့်ဆွေးနွေးညှိနှိုင်းမှုများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ အားကစား၊ ယဉ်ကျေးမှု၊ ဆေးပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ လေ့ကျင့်ရေး ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui က မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Ling Guang Si ဘုရားကျောင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားကျောင်း ဆရာတော် Chang Zang အား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် CETC ကုမ္ပဏီမှ ခင်းကျင်းပြသထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး ကုမ္ပဏီဥက္ကဋ္ဌ Mr. Fan Youshan နှင့် တာဝန်ရှိသူများက ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
(သတင်းစဉ်)

No comments:

Post a Comment