Wednesday, November 30, 2016

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်မိသားစုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံအားပေး


 
 
 
နေပြည်တော် နိုဝင်ဘာ ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည် မိသားစုများကို သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ခွဲစိတ်ဆောင်၌ တက်ရောက်ကုသလျက်ရှိသော ရှေ့တန်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ကို ရင်းနှီးနွေးထွေး စွာ တွေ့ဆုံ၍ တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးဝါးကုသမှုအခြေအနေများကို မေးမြန်းပြီး အားပေးစကားပြောကြားကာ အသုံးအဆောင်ပစ္စည်းများ၊ စားသောက် ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ဆက်လက်၍ အထူးကြပ်မတ်ကုသဆောင်၌ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသပေးမှုအခြေအနေကို ကြည့်ရှု၍ မိသားစုဝင်များအား စားသောက် ဖွယ်ရာနှင့် ဂုဏ်ပြုငွေများချီးမြှင့်ပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


No comments:

Post a Comment