Saturday, November 26, 2016

မသင်္ကာဖွယ် ပါဂျဲရိုးယာဉ်မောင်းအား ဖမ်းဆီးရမိ

Image may contain: 1 person , phone
နေပြည်တော် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးစခန်း ဂိတ် (၄)ရှေ့သို့ ယမန်နေ့နံနက် ၇ နာရီတွင် ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းနေသော မသင်္ကာဖွယ် ပါဂျဲရိုးယာဉ် သုံးစီးတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန်တားဆီးစဉ် ရပ်တန့်ပေးခြင်းမရှိသောကြောင့် ပစ်ခတ်တားဆီးခဲ့ရာ ပန်ဆိုင်းမောင်းတံဂိတ်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
ထို့နောက် ယင်းနေ့နံနက် ၁ဝ နာရီခွဲတွင် မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ ယာဘက် ပခုံး ကျည်ထိမှန်ဒဏ်ရာ တစ်ချက်ဖြင့် တက်ရောက်ဆေးကုသနေသည့် နမ့်ဟွယ်ကျေးရွာနေ စံအေး(၂၄)နှစ်အား တာဝန်ရှိသူများက မေးမြန်းရာ နံနက်ပိုင်းက (၁ဝ၅)မိုင် ကုန်သွယ်ရေးစခန်းဂိတ်(၄)တွင် တားဆီးစဉ် မောင်းနှင် ထွက်ပြေးခဲ့သည့် ပါဂျဲရိုးယာဉ်၏ ယာဉ်မောင်းဖြစ်ကြောင်း စစ်ဆေးသိရှိပြီး လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်ခြင်း ရှိ၊ မရှိ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment