
နေပြည်တော် နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ က ဈေးဆိုင်အလုံး ၂ဝ နှင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မင်းပြားမြို့ ဦးစိုးတင့်အလယ်ပိုင်းရပ်ကွက် တံတားဦးလမ်း၌ မောင်ဖြူလှ(ခ)ဦးတင်လှိုင်သည် ပလတ်စတစ်ပုံးအတွင်းသို့ ဓာတ်ဆီထည့်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ယင်းရပ်ကွက်ရှိ ဈေးဆိုင်ခန်း ၂ဝ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မင်းပြားတပ်နယ်နှင့် မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများက မီးသတ်ယာဉ် ခြောက်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် ကာလတန်ဖိုး ငွေကျပ် ၈၉၄၅ဝဝဝ ဖိုးခန့်ဆုံးရှုံးခဲ့ပြီး ဒဏ်ရာရရှိသူများမှာ မင်းပြား ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment