Tuesday, November 29, 2016

ဆီးနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အူရွမ်ချီလေဆိပ်တွင် ခရီးသည် ၅ဝဝဝ ကျော်သောင်တင်



 


ပေကျင်း နိုဝင်ဘာ ၂၈

ဆီးနှင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံမြောက်ပိုင်း ရှင်းကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အူရွမ်ချီလေဆိပ်၌ တနင်္လာနေ့က ခရီးသည် ၅ဝဝဝ ကျော် သောင်တင်ခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောခဲ့သည်။
တနင်္လာနေ့အစောပိုင်းကတည်းက နှင်းမုန်တိုင်းနှင့် မြူများ ယင်းဒေသတွင် ထူထပ်စွာကျဆင်းမှုကြောင့် အဝေးပြေးလမ်းများ ပိတ်ထားခဲ့ရကြောင်း လေဆိပ် အော်ပရေးရှင်းစင်တာမန်နေဂျာက ပြောခဲ့သည်။
နံနက် ၁ဝ နာရီအထိ လေကြောင်းလိုင်း ၄၂ ခု ခရီးစဉ်များ နှောင့်နှေးကြန့်ကြာ ခဲ့ပြီး အခြားလေကြောင်းလိုင်းရှစ်ခု ဖျက်သိမ်းခဲ့ရကြောင်း မန်နေဂျာက ဆက်လက် ပြောခဲ့သည်။ လေကြောင်းပြောင်းလဲဆင်းသက်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
( ဆင်ဟွာ)

No comments:

Post a Comment