Tuesday, November 29, 2016

ဖီဒဲလ်ကက်စ်ထရို သေဆုံးမှုကို ဝမ်းနည်းသည့်အနေဖြင့် ကျူးဘားနိုင်ငံသားများ တော်လှန်ရေးပန်းခြံတွင်စုရုံး



 
 
 
ဟာဗားနား နိုဝင်ဘာ ၂၈

ဖီဒဲလ်ကက်စ်ထရိုကွယ်လွန်ခြင်း တစ်ပတ် ကြာဝမ်းနည်းမှု အထိမ်းအမှတ်ပြုလုပ် ရန်အတွက် ကျူးဘားနိုင်ငံသားများ မြို့တော် ဟာဗားနားတော်လှန်ရေး ပန်းခြံသို့ တနင်္လာနေ့တွင် ချီတက်ခဲ့ ကြောင်း ရိုက်တာသတင်းတစ်ရပ် တွင် ဖော်ပြခဲ့သည်။

၁၉၅၉ ခုနစ်တွင် တော်လှန်ရေးကို နှိုးဆော်ခဲ့ပြီး ကာရစ်ဘီယန်ကျွန်းကို ရာစုတစ်ဝက်ကြာ အုပ်ချုပ်ခဲ့သော ကွန်မြူနစ်ခေါင်းဆောင် ဖီဒဲလ်ကက်စ် ထရိုသည် အသက် ၉ဝ အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ကျန်းမာရေးယိုယွင်း လာသည့် ကက်စ်ထရိုသည် ၄င်း၏ညီ ဖြစ်သူ ရာအူးလ်ကက်စ်ထရိုအား ရာထူး လွှဲပြောင်းပေးခဲ့သည်။ ကက်စ်ထရိုကို စနေနေ့က မီးသင်္ဂြိုဟ်ခဲ့ပြီးနောက် ၄င်း၏ပြာကို လူစုလူတန်းဖြင့် သယ်ဆောင် ပြီး တော်လှန်ရေး စတင်ပြုလုပ်ခဲ့ရာ ကျူးဘားအရှေ့ဘက် မြို့တော် ဆန်တီ ယာဂိုတွင် ထားရှိမည်ဖြစ်ကြောင်း သိရ သည်။

အစိုးရက တော်လှန်ရေးပန်းခြံ၌ နံနက် ၉ နာရီတွင် စတင်ကာ နှစ်ရက်ကြာ ကျင်းပမည့် အခမ်းအနားသို့ တက်ရောက်ရန် ပြည်သူလူထုအား ဖိတ်ကြားခဲ့သည်။ အရိုးပြာများကိုလည်း ပြသထားမည်ဖြစ်ကြောင်း သိရသည်။
( ရိုက်တာ)

No comments:

Post a Comment