Tuesday, November 1, 2016

ကျေးသီး၊ မိုင်းကိုင်ဒေသရှိ တိုက်ပွဲရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများအတွက် ခေါင်းစွပ်ပါအနွေးထည်များနှင့် အလှူငွေကျပ်သိန်း ၁ဝဝ လှူဒါန်း



No automatic alt text available.
မိုင်းကိုင် အောက်တိုဘာ ၃၁
ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း(BFM)သည် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီး၊ မိုင်းကိုင်ဒေသရှိ တိုက်ပွဲရှောင်စခန်းများမှ တိုင်းရင်းသားပြည်သူများ အတွက် လှူဒါန်းငွေကျပ် သိန်း ၁ဝဝ ကို ရှမ်းပြည်တောင်ပိုင်း လူငယ်ဖိုရမ်မှ တာဝန်ရှိသူ ဦးဝင့်ထည်ကောင်းမြတ် ထံသို့လည်းကောင်း၊ ဆောင်းရာသီ အအေးဒဏ်ကာကွယ်ရန်အတွက် ခေါင်းစွပ်ပါအနွေးထည် ၂၅၃ ထည်ကို ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ က မိုင်းကိုင်မြို့နယ် တုံလောကျေးရွာ ရှိ တိုက်ပွဲရှောင်စခန်းတွင် လည်းကောင်း သွားရောက်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးက ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏လမ်းညွှန် မှုဖြင့် အအေးလွန်ကဲမှုဒဏ်ကို ပိုမို ခံစားရနိုင်သောဒေသများရှိ ရဟန်း သံဃာများ၊ သီလရှင်များနှင့် တိုက်ပွဲ ရှောင်စခန်းများမှ တိုင်းရင်းသား ပြည်သူများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ခေါင်းစွပ်ပါအနွေးထည် နှစ်သိန်းကို ပြည်ပမှ မှာယူတင်သွင်းခဲ့ပြီး ဆောင်းကာလအမီ သက်ဆိုင်ရာဒေသများသို့ ပေးပို့လှူဒါန်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ မိုးလေ ဝသပညာရှင်များကလည်း မြန်မာ နိုင်ငံတွင်း ဆောင်းရာသီတွင် လာနီညာရာသီဥတု ဖြစ်ပေါ်ကာ ထူးခြားသည့်အအေးဒဏ်ကို ပိုမိုခံစားရနိုင်သည်ဟု ကြိုတင်ခန့်မှန်းတွက် ချက်ထားသောကြောင့် ယခုကဲ့သို့ စီစဉ် လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း(BFM)သည် ၂ဝဝ၇ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပွားချိန်မှစ၍ မုန်တိုင်းသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ရာမှ အစပြုပြီး ဖွဲ့စည်း ထူထောင်ခဲ့သော လူမှုရေးအသင်း တစ်ခုဖြစ်သည်။ ဖောင်ဒေးရှင်း စတင်တည်ထောင်ချိန်မှ ယနေ့အချိန်အထိ မြန်မာနိုင်ငံတစ်ဝန်း အနယ်နယ်အရပ် ရပ်ရှိ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ အားကစား စသည့် လှူဒါန်းမှုများအပြင် နိုင်ငံတွင်း သဘာဝဘေးအန္တရာယ်ကျ ရောက်သည့် နေရာများတွင်လည်း အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၂ဝဝ၇ ခုနှစ်မှ ယနေ့အထိ နိုင်ငံနှင့်ပြည်သူ အကျိုးပြုလှူဒါန်းခဲ့ငွေစုစုပေါင်းမှာ ကျပ်ငွေ ၁ဝ၉ ဘီလီယံကျော်ဖြစ်ကြောင်း သိရသည်။
(ဝ၁ဝ)

No comments:

Post a Comment