Tuesday, November 1, 2016

ကူးစက်ရောဂါကြိုတင်ကာကွယ်



Image may contain: text
(၂၁)ရာစုတွင် ကူးစက်မြန်ရောဂါဆန်းများ အလျင်အမြန်ပျံ့နှံ့ဖြစ်ပွားလာသည်။ ကျန်းမာရေးဌာန၏ ရောဂါဖြစ်ပွားပြီး သေဆုံးနှုန်းတိုင်းတာသုံးသပ်ချက်အရ ကြက်ငှက်တုပ်ကွေးရောဂါမှာ လူတစ်ရာဖြစ်ပွားပါက ၆၇ ရာခိုင်နှုန်း သေဆုံးပါသည်။ ဆားရောဂါမှာ ၁ဝ ရာခိုင်နှုန်းသေဆုံးနိုင်ပြီး အီဘိုလာဗိုင်းရပ်စ်ရောဂါမှာ ၂ဝ မှ ၃ဝ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ကြောင်း သိရသည်။ သို့သော် ဇီကာရောဂါမှာမူ သေဆုံးမှုနှုန်းမရှိသလောက် ဖြစ်သည်ဟု ဆိုထားသည်။

ရန်ကုန်မြို့တွင် မကြာသေးမီက အသက် (၃၂) အရွယ်ရှိ ဇီကာဗိုင်း ရပ်စ်ပိုးကူးစက်ခံရဖွယ်ရှိသည်ဟု သံသယဖြစ်ဖွယ် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့သဖြင့် ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ် ပြီးနောက် ဇီကာရောဂါဖြစ်ပွားလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နောက်တစ်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ဇီကာရောဂါပိုးမှာ နိုင်ငံရပ်ခြားတိုင်းပြည်များတွင် အစောပိုင်း ကတည်းက ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံသို့ ယခုဖြစ်ရပ်မှစတင်ရောက် ရှိလာခြင်းဖြစ်သည်။ ထိုရောဂါမှာ သေဆုံးမှုနှုန်းမရှိသလောက်ဟုဆိုသော်လည်း သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေးရောဂါပိုးများ သယ်ဆောင်ပေးသော အေးဒီးစ်ခြင်ကျားအမျိုးအစား ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားသည့်ရောဂါလက္ခဏာနှင့်ဆင်တူသည်။ ထူးခြားသည်မှာ ဇီကာရောဂါနှင့် ရောဂါနောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးခေါင်းသေးငယ်သော ကလေးငယ်များ မွေးဖွားလာခြင်းတို့နှင့်ဆက်စပ် မှု ရှိ၊ မရှိကို သံသယဖြစ်နေပြီး သက်သေပြရန် ပညာရှင်များက လေ့လာ နေဆဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အဆိုပါဇီကာရောဂါအတွက် ကာကွယ်ဆေးမရှိ သေးဘဲ ရောဂါသက်သာစေရန်အတွက်သာ ကုသပေးနိုင်သေးသဖြင့် မြန်မာနိုင်ငံတွင် ထိုလူနာကိုအကြောင်းပြု၍ ရောဂါပျံ့နှံ့ခြင်းမရှိအောင် အထူးဂရုပြု ကြိုတင်ကာကွယ်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကြိုတင်ကာကွယ်သတိပြုနေထိုင်သွားကြရမည်ဖြစ်သည်။
ဇီကာရောဂါကူးစက်ခြင်းခံရပါက အများဆုံးတွေ့ရှိသည့်ရောဂါ လက္ခဏာများမှာ ရုတ်တရက်ဖျားခြင်း၊ အရေပြားတွင် အနီရောင်အကွက်၊ အစက်များထွက်ခြင်း၊ မျက်သားနီ၍ရောင်ရမ်းခြင်း၊ ကြွက်သားနှင့်အဆစ် အမျက်များ နာကျင်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းစသည် တို့ဖြစ်တတ်ကာ ထိုရောဂါလက္ခဏာများကို နှစ်ရက်မှ ခုနစ်ရက်အထိသာ ခံစားနိုင်ပြီးနောက် ရောဂါလက္ခဏာများ ပျောက်ကွယ်သွားသည်။
ရောဂါဖြစ်ပွားသူအနေဖြင့် သေဆုံးခြင်း၊ နာတာရှည်ဖြစ်ခြင်း မရှိသောကြောင့် စိုးရိမ်ထိတ်လန့်ဖွယ် မရှိသော ရောဂါဖြစ်သည်ဟုယူဆ နိုင်သော်လည်း အထူးသတိထားရမည်မှာ ကိုယ်ဝန်ဆောင်မိခင်များဖြစ်နေ ခြင်းသည် အလွန်အရေးကြီးပေသည်။ ရောဂါပျံ့နှံ့မှုလွယ်ကူသော ရောဂါဖြစ်နေပြီး မြန်မာနိုင်ငံကဲ့သို့ ခြင်ကျားပေါများသော နိုင်ငံမျိုးတွင် ခြင်ကျားများတွင် ဇီကာရောဂါပိုးရောက်ရှိသွားပါက နောင်မွေးဖွားလာမည့် ကလေးငယ်များအတွက် အထူးစိုးရိမ်ဖွယ်ဖြစ်လာနိုင်သည်။
လူ့အသက်ကိုမသေဆုံးစေနိုင်သော်လည်း ဦးနှောက်မဖွံ့ဖြိုးသည့် ကလေးငယ်များဖြစ်ထွန်းလာပါက အသက်ပင်ရှင်သန်သော်လည်း လူရာမဝင်၊ လူညွန့်တုံးမည့် အချည်းနှီးလူသားများဖြစ်ပေါ်လာနိုင်မည့်အန္တရာယ်မှာ လွန်စွာကြောက်မက်ဖွယ်ရာဖြစ်ပေလိမ့်မည်။ လူသားကမ္ဘာတွင် ပထမကမ္ဘာစစ်ပွဲ၊ ဒုတိယကမ္ဘာစစ်ပွဲနှင့် ခေတ်သစ်စစ်ပွဲများကြောင့် လူအများအပြားသေဆုံးခဲ့ရမှုများမှာ လူသားမျိုးနွယ်အသစ် ပြန်လည်ဖြစ်တည်ခြင်းဖြင့် လူသားကမ္ဘာအသစ်ထပ်မံဖြစ်ထွန်းလာသော်လည်း ထိုကဲ့သို့သော လူစဉ်မမီတော့သော ကူးစက်ရောဂါစစ်ဖြစ်ပွားလာပါက လူသားကမ္ဘာလည်း တစ်ချိန်သောကာလတွင် မျိုးသုဉ်းပျောက်ကွယ် ပျက်စီးသွားနိုင်ခြေ ရှိသည်။
ထို့ကြောင့် ဇီကာရောဂါပိုးကြောင့် ဦးနှောက်သေးငယ်သော ကလေးငယ်များမွေးဖွားလာခြင်းကို သံသယဖြစ်ဖွယ်အဆင့်ဟုပင် ဆိုပင်ဆိုငြားလည်း လူကိုသေစေသော အခြားရောဂါပိုးများထက် ကြောက်မက် ဖွယ်ကောင်းသော လူသားမျိုးနွယ်ပျက်သုဉ်းနိုင်သည့် ဇီကာရောဂါကို မျက်ခြည်မပြတ်ဝိုင်းဝန်းကာကွယ် တိုက်ဖျက်သွားကြရမည်ဖြစ်ပါ သည်။ ။

No comments:

Post a Comment