Saturday, November 26, 2016

အာဆီယံဒေသတွင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ စာတိုက်လုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ

Image may contain: one or more people
ရန်ကုန် နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အာဆီယံဒေသ တွင်းနှင့် မိတ်ဖက်နိုင်ငံများ၏ စာတိုက်လုပ်ငန်းဆိုင်ရာ အစည်း အဝေး(ASEANPOST ++ Business Meeting) ကို နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် မလေးရှားနိုင်ငံ ဆိုင်ရာ အာဆီယံဒေသတွင်း စာတိုက် လုပ်ငန်းဆိုင်ရာအစည်းအဝေးဥက္ကဋ္ဌ Mr. MohdSallehMohdShukrie တို့က အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက အာဆီယံ ဒေသတွင်း နိုင်ငံ ၁ဝ နိုင်ငံနှင့် မိတ်ဖက် နိုင်ငံများမှ စာတိုက်အကြီးအကဲ များအား စာတိုက်လုပ်ငန်းဆိုင်ရာ တံဆိပ်များ ပေးအပ်သည်။
အစည်းအဝေးတွင် စာတိုက်လုပ်ငန်းဆိုင်ရာလုပ်ငန်းသစ်များပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ချောစာထုပ်များ ပေးဝေခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လမ်းဆုံးထိ ရုံးဆောင်ရွက်ခ သတ်မှတ်ချက်များ သုံးသပ်ခြင်း၊ အာဆီယံနိုင်ငံများ အားလုံး ပါဝင်သောတံဆိပ်ခေါင်းများ ညှိနှိုင်းထုတ်ဝေနိုင်ရေး၊ ကမ္ဘာ့ စာတိုက်သမဂ္ဂမှ ချမှတ်ထားသော လမ်းစဉ်များအား ပူးပေါင်းအကောင် အထည်ဖော်ရေး၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးစသည်တို့ ဆွေးနွေးကြသည်။
ထို့အပြင် အာဆီယံ ၁ဝ နိုင်ငံအပြင် မိတ်ဖက်နိုင်ငံများဖြစ်သော ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယားနှင့် ဟောင်ကောင်တို့မှ စာတိုက်လုပ်ငန်း အကြီးအကဲများနှင့်လည်း စာတိုက် လုပ်ငန်းသစ်များ ပူးပေါင်းဆောင်ရွက် နိုင်ရေး ၊နိုင်ငံများအကြားချောလုပ်ငန်း အဆင်ပြေချောမွေ့စေရေး ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအနေဖြင့် စာတိုက်လုပ်ငန်းပိုမိုတိုးတက်ရေး အတွက် အိမ်နီးချင်းနိုင်ငံများနှင့် လုပ်ငန်းများ ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။
ယခုအစည်းအဝေးသည် နှစ်စဉ် အက္ခရာစဉ်အလိုက် ကျင်းပကြခြင်းဖြစ်ရာ ယမန်နှစ်က မလေးရှားနိုင်ငံ၌ ကျင်းပခဲ့ပြီး၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံက အလှည့်ကျ ကျင်းပခြင်းဖြစ်သည်။ အစည်းအဝေးကို နိုဝင်ဘာ ၂၂ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ကိုယ်စားလှယ်ပေါင်း ၃ဝ ကျော် တက် ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment