Saturday, November 26, 2016

နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ ကျောက်စိမ်းအတွဲ ၂ တွဲရောင်းချခဲ့ရ

Image may contain: one or more people
နေပြည်တော် နိုဝင်ဘာ ၂၅
၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ကျောက် မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
နံနက်ပိုင်းမှစတင်၍ ရတနာကုန် သည်များသည် သတ်မှတ်ဧရိယာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းတွဲများအား လွတ်လပ်စွာ ကြည့်ရှုလေ့လာကြပြီး ဝယ်ယူလိုသည့် ကျောက်စိမ်းတွဲအမှတ်များ အလိုက် တင်ဒါတင်သွင်းလျက်ရှိနေ ကြသည်ကို တွေ့မြင်ရသည်။
နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဆဋ္ဌမနေ့သို့ ပြည်ပရတနာ ကုမ္ပဏီ ၇၇၂ ခုနှင့် ပြည်တွင်းရတနာ ကုမ္ပဏီ ၆ဝ၈ ခု တို့မှ ပြည်ပရတနာ ကုန်သည် ၁၇၉၃ ဦးနှင့် ပြည်တွင်း ရတနာကုန်သည် ၁၇၄၃ ဦး တက်ရောက်ကြောင်း သိရသည်။
ယနေ့ ကျင်းပသည့် ၂ဝ၁၆ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ယူရို သန်း ၇၇ ဒသမ ၂၆ တန်ဖိုးရှိ ကျောက်စိမ်းတွဲ ၈၂၈ တွဲ ရောင်းချခဲ့ရသည်။
နိုဝင်ဘာ ၂၆ ရက်တွင် ကျောက်စိမ်း တွဲ အမှတ် ၃၆ဝ၁ မှ ၄၈ဝဝ ထိကို ဆက်လက် ရောင်းချသွားမည်ဖြစ် ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment