Monday, November 28, 2016

အဆင့်မြင့်လယ်ယာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၂၇

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက စစ်ကိုင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ပုလဲမြို့နယ် လက်တောင်းကြီး ကျေးရွာ ကုက္ကိုလ်စုကွင်း ကွင်းအမှတ် ၉ဝ၅ ရှိတောင်သူ ၄၇ ဦးတို့၏ ဧက ၁ဝဝ အဆင့်မြင့် စုပေါင်းစက်မှုလယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာများကို သွားရောက်ကြည့်ရှု လေ့လာသည်။ 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယင်းမာပင်ခရိုင် ပုလဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ပုလဲရတနာ ခန်းမ၌ အဆင့်မြင့် စက်မှုလယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် တောင်သူများနှင့် တွေ့ဆုံရာတောင်သူ များက မိုးကောင်းသောက် လယ်ယာမြေ မှ ဆည်ရေသောက် လယ်ယာမြေ ဖြစ်ပေါ်လာရေး၊ နှစ်သီးစားမှ သုံးသီးစား စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စုပေါင်းစက်မှုလယ်ယာစနစ် အောင်မြင် စေရေးအတွက် မြို့နယ်အဆင့် လုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်း၍ အချက် အလက် ပြည့်စုံခိုင်မာသော စာချုပ် စာတမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက် စေလိုကြောင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသ ကြီး မုံရွာမြို့ တိုင်းဒေသကြီးစီမံကိန်း ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့အစည်း များမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment