Sunday, November 27, 2016

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများဖြေရှင်းပေးနိုင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအသွင်ပြုလုပ်ကြရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း


Image may contain: 11 people
ဂျီနီဗာ နိုဝင်ဘာ ၂၆ 

အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်း ဖက်မှုများ ဖြေရှင်းပေးနိုင်ရေးအတွက် က္ဘာလုံး ဆိုင်ရာလှုပ်ရှားမှုအသွင်ပြုလုပ်ကြရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် နိုဝင်ဘာ ၂၅ ရက် (အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးနေ့)တွင် တိုက်တွန်း လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် နိုဝင်ဘာ ၂၆ ရက်က ဖော်ပြခဲ့သည်။
အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်ခြင်းသည် မိသားစုများ၊ လူမှုအသိုက် အမြုံများနှင့် စီးပွားရေးများအပေါ် များစွာထိခိုက် နစ်နာစေကြောင်း ဘန်ကပြောခဲ့သည်။ ထို့ပြင် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်း ဖက်ခြင်းသည် စီးပွားရေးကုန်ထုတ်စွမ်းအား ကျဆင်းခြင်းနှင့် လူမှုအရင်းအမြစ်များ၊ တရားရေး မဏ္ဍိုင်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအေဂျင် စီများအတွက် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေကြောင်း ဘန်က ဆက်လက်ပြောကြားသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်ခြင်းကို က္ဘာက သတိထားမှုမြင့် မားလာသော်လည်း ယင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် မှုတွင် အနှောင့်အယှက်များ ဖြစ်ပေါ်လာနိုင် ကြောင်း၊ ထို့ကြောင့် အဓိပ္ပာယ်ပြည့်ဝသော တုံ့ပြန်မှု များကို ဆောင်ရွက်နိုင်ရေး ဂရုပြုရန်လိုကြောင်း ၄င်းက တိုက်တွန်းပြောကြားခဲ့သည်။
အမျိုးသမီးများ ပါဝင်လှုပ်ရှားမှုများနှင့် လူမှု အဖွဲ့ အစည်းများအပါအဝင် သက်ဆိုင်ရာ နယ်ပယ် ကဏ္ဍများတွင် အမျိုးသမီးဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာစေရေး ဆက်လက်လုပ်ဆောင်ရန် နိုင်ငံပေါင်းစုံမှ အစိုးရများအား ဘန်ကတိုက်တွန်း လိုက်သည်။ ထို့ပြင် ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံသားများ အနေဖြင့်လည်း အမျိုးသမီးများနှင့် မိန်းကလေးငယ် များကို တတ်အားသလောက် ကူညီကြရန်လိုကြောင်း ဘန်ကဆက်လက်ပြောကြားခဲ့သည်။
(ဆင်ဟွာ)

No comments:

Post a Comment