ဒမတ်စကက် နိုဝင်ဘာ ၂၆
ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် အကြမ်းဖက်စစ်သွေြး<ွက များနှင့်
ဖြစ်ပွားနေသော ထိုးစစ်အတွင်း တူရကီစစ်လေယာဉ် များက
အိုင်အက်စ်အကြမ်းဖက်ပစ်မှတ် ၁၂ ခုကို ပစ်ခတ် ရှင်းလင်းနိုင်ခဲ့ကြောင်း၊
သို့သော်လည်း တူရကီတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း တူရကီစစ်ဘက်ဆိုင်ရာက
နိုဝင်ဘာ ၂၆ရက်၌ ပြောခဲ့သည်။
နိုဝင်ဘာ ၂၄ ရက် လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် တူရကီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီးနောက် တူရကီနှင့် ဆီးရီးယား သူပုန်များသည် နယ်စပ်ဒေသမှ ဂျီဟတ်များကို အပြီးတိုင် တိုက်ထုတ်နိုင်ရေး စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခဲ့သည်။ တူရကီ စစ်ဘက်ဆိုင်ရာက အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် ဆီးရီးယားလေတပ်ကပြုလုပ်ခြင်းဖြစ်မည်ဟု ပြောခဲ့သည်။
သမ္မတ တေရစ်အာဒိုဂန်က အဆိုပါလေကြောင်းတိုက်ခိုက် မှုနှင့်ပတ်သက်ပြီး ရုရှားသမ္မတဗလာဒီမာပူတင်နှင့် နိုဝင်ဘာ ၂၅ ရက်က ဆွေးနွေးခဲ့သည်။ တူရကီက သူပုန်များကို ထောက်ခံ ၍ ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်ကိုဖြုတ်ချရန် ကြိုးစားနေချိန်တွင် ရုရှားသည် ဆီးရီးယားသမ္မတဘတ်ရှာ အယ်လ်အာဆတ်၏ စစ်ရေးဆိုင်ရာ အဓိကအထောက်အပံ့ ပေးသူဖြစ်လာခဲ့သည်။
လွန်ခဲ့သော ၂၄ နာရီကဖြစ်ပွားခဲ့သည့် တူရကီနောက်ဆုံး လေကြောင်းတိုက်ခိုက်မှုသည် ဂျီဟတ်များနှင့် ကာ့ဒ်ပြည်သူ့ စစ်များကို တူရကီနယ်စပ်ဆီးရီးယားဘက်မှ မောင်းထုတ် နိုင်ခဲ့သည်။ ဆီးရီးယားသူပုန်များက ဆီးရီးယားမြောက်ပိုင်း အနီဖာ့ဒ်ဒေသကိုပြန်လည်သိမ်းပိုက်နိုင်ရေးကြိုးစားစဉ် တူရကီ စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်း ရင်းမြစ်များတွင် ဖော်ပြသည်။ နိုင်ငံပိုင် အနာဒိုလူသတင်း အေဂျင်စီက တူရကီတပ်ဖွဲ့ဝင်များလည်း ထိတွေ့မှုတွင် ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောခဲ့သည်။

(ရိုက်တာ)

No comments:
Post a Comment