Friday, November 25, 2016

မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းနှင့် မွတ်စလင်အဘွားများသုခရိပ်သာသို့ အလှူငွေများပေးအပ်

Image may contain: 8 people , food and indoor
ရန်ကုန် နိုဝင်ဘာ ၂၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် မေရီ ချက်(ပ်)မင်း နားမကြားသောကလေး များကျောင်းသို့ အလှူငွေ$ သိန်းသုံးဆယ် ပေးအပ်လှူဒါန်းခဲ့သည်။
အခမ်းအနားတွင် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့် သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျောင်းသမိုင်းအကျဉ်းချုပ်ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကား ပြော ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အလှူငွေများ ပေးအပ်လှူဒါန်းပြီး ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကျောင်းအတွင်း နားမကြားသောကလေး များ လက်တွေ့သင်ကြားနေမှုများ၊ဆောင် ရွက်လျက်ရှိသည့် ဖွံ့ဖြိုးမှုအစီအစဉ်များ ကို လှည့်လည်ကြည့်ရှုသည်။ (ဝဲပုံ)
မြန်မာနိုင်ငံခရစ်ယာန် အသင်းတော် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသည် နားမကြား သော ကလေးများကိုပညာသင်ကြားပေး ရန်နှင့် ပညာသင်ကြားပေးမည့် ဆရာ ဆရာမများမွေးထုတ်ပေးရန် ရည်ရွယ် လျက် ၁၉၂ဝပြည့်နှစ်တွင် ဗြိတိသျှအမျိုး သမီးMs. Mary Chapmanက ဖွင့် လှစ်ပေးခဲ့သည်။ ယခုပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူ ၃၇ဝ ကျော် ပညာသင်ကြားလျက်ရှိသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် သင်္ဃန်းကျွန်းမြို့နယ် သုခလမ်းရှိ ကျိုလီယာမွတ်စလင် သာသနာ့ရန်ပုံငွေ အဖွဲ့မှ ဦးစီးဖွင့်လှစ်ထားသည့် အဘွားများ သုခရိပ်သာသို့ အလှူငွေ$ကျပ်သိန်း နှစ်ဆယ် ပေးအပ်လှူဒါန်းသည်။

(သတင်းစဉ်)

No comments:

Post a Comment