Tuesday, November 29, 2016

(၁၆)ကြိမ်မြောက် အာဆီယံဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကျင်းပ




 
 
 
 
နေပြည်တော် နိုဝင်ဘာ ၂၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးသည် (၁၆)ကြိမ်မြောက် အာဆီယံသတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် ပြုပြင် ပြောင်းလဲမှု ဆောင်ရွက်ပြီးနောက်ပိုင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက် ရှိကြောင်း၊ တယ်လီဖုန်း အသုံးပြုနိုင်မှု သည် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်က ၁ဝ ရာခိုင်နှုန်းအောက်သာရှိခဲ့ရာမှ ယခု အချိန်တွင် ၉ဝ ရာခိုင်နှုန်းကျော်အထိ တိုးတက်သုံးစွဲလာနိုင်ပြီဖြစ်ကြောင်းနှင့် ကျေးလက်ဒေသများအထိ ဆက်သွယ်မှု ရရှိစေရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အိုင်စီတီကဏ္ဍ တိုးတက်လာသည်နှင့်အမျှ Cyberလုံခြုံရေးကိစ္စရပ်များသည်လည်း မဖြစ် မနေ အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အာဆီယံဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး အနေဖြင့်လည်း တွန်းအားပေးဆောင် ရွက်ပေးစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

အဆိုပါ အစည်းအဝေးကို ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့ ၌ နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ ဆက် သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံဆက်သွယ်ရေးကဏ္ဍ ဆွေးနွေး ဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အပြည် ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်(ITU)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် အာဆီယံနိုင်ငံများအတွင်း ဆက်သွယ် ရေးနှင့် သတင်းအချက်အလက်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲ တိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်များဆွေးနွေး ဖလှယ်ခြင်း၊၂ဝ၁၆ ခုနှစ်အတွင်း ဆောင် ရွက်ခဲ့သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများအပေါ် ဆွေးနွေး အတည်ပြုခြင်း၊ ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြု ထုတ်ပြန်ခြင်း၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများနှင့် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် ဆွေးနွေးအတည်ပြုခြင်း၊ အပြည်ပြည် ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်(ITU)နှင့် အာဆီယံနိုင်ငံများအကြား ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်း၊ ဘရူနိုင်းကြေညာစာတမ်းထုတ်ပြန်ခြင်းနှင့်ASEAN ICT Award ၂ဝ၁၆ အတွက် ဆုရရှိသူများအား ဆုချီးမြှင့် ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။

ဒုတိယဝန်ကြီးသည် ခရီးစဉ် အတွင်း ဘရူနိုင်းဒါရုဆလမ် ဘုရင် မင်းမြတ်နှင့် အိမ်ရှေ့မင်းသားတို့အား အာဆီယံ ဆက်သွယ်ရေးနှင့်သတင်း အချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့်အတူ တွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးနှင့် သီးခြားတွေ့ဆုံ၍လည်း ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ အပေါ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)

No comments:

Post a Comment