Tuesday, November 29, 2016

ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ





 

နေပြည်တော်   နိုဝင်ဘာ   ၂၈ 

၂ဝ၁၆-၂ဝ၁၇ ခု ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်ထောင်စုလွှတ်တော် (D)ဆောင်၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပူးပေါင်းကော်မတီနှစ်ရပ်မှ ကော်မတီဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးမှ တာဝန်ရှိသူ များနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။                     (သတင်းစဉ်)

No comments:

Post a Comment