Wednesday, November 2, 2016

မောင်တောမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် သေနတ်တစ်လက် သိမ်းဆည်းရမိ



The Mirror Daily's photo.
နေပြည်တော် နိုဝင်ဘာ ၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် ယနေ့မွန်းလွဲပိုင်းက သက္ကယ်ပြင်ရွာနှင့် ဝါးပိတ်ရွာကြား စပါးခင်းအတွင်းမှ အမ်အေ-၁၁ သေနတ်တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည်အတောင့် ၂ဝ တို့အား ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသော သေနတ်မှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ ယူဆောင်သွားခဲ့သည့် သေနတ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများအား နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment