Wednesday, November 2, 2016

နှစ်နိုင်ငံအကြား အစဉ်အဆက်တည်ရှိခဲ့သည့် ယဉ်ကျေးမှုဆက်ဆံရေးနှင့် ပြည်သူများအချင်းချင်း ဆက်ဆံရေးမြှင့်တင်နိုင်ရေးကိစ္စရပ်များဆွေးနွေး



Image may contain: 3 people
နေပြည်တော် နိုဝင်ဘာ ၁
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အိန္ဒိယသမ္မတနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Sunil Lanba, PVSM, AVSM, ADC နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အစဉ်အဆက်တည်ရှိခဲ့သည့် ယဉ်ကျေးမှုဆက်ဆံရေးနှင့် ပြည်သူများ အချင်းချင်းအကြား ဆက်ဆံရေး မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံခေါင်းဆောင်များအကြား၊ နှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှု၊ ကူးလူးဆက်ဆံမှုမြှင့်တင်ရေး၊ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ အိန္ဒိယခရီးစဉ်အတွင်း သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ နယ်မြေချင်း၊ ရေမြေချင်း ထိစပ်နေသည့်အတွက် တည်ငြိမ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ် တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပင်လယ်ပြင် လုံခြုံရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့စွမ်းရည် မြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် သိပ္ပံနည်းပညာကဏ္ဍများတွင် ထောက်ပံ့ ကူညီမှုများ မြှင့်တင်ရေး၊ အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ ပညာတော်သင်များ တိုးမြှင့်သွားရောက်နိုင်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဗိုလ်ချုပ်မြင့်နွယ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment