နေပြည်တော် နိုဝင်ဘာ ၂၅
ပထမအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်
ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် ၂+၂ အဆင့်မြင့်ဆွေးနွေးပွဲကို ယနေ့နံနက်
၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ဧရာဝတီခန်းမ၌
ကျင်းသည်။
အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဦးဆောင်၍ လည်းကောင်း၊ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန်းမင်နှင့် ဗဟိုစစ် ကော်မရှင်၊ ကွန်မြူနစ်ပါတီ ဒုတိယ ညှိနှိုင်းကွပ်ကဲရေးမှူး General Xu Fenlin တို့ ဦးဆောင်၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနှင့်တရုတ် နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ အပြုသဘောဆောင်သော အကူအညီ များပေးအပ်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ များတွင် တရားမဝင် ဝင်ထွက်သွားလာမှု များ တားဆီးရေးနှင့် တရားဝင်ကူးသန်း ရောင်းဝယ်မှုဖွံ့ဖြိုးတိုးတက်ရေး အပါ အဝင် နှစ်နိုင်ငံနယ်စပ်ဒေသများ၏ လုံခြုံ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ဒုတိယ ဝန်ကြီး ဦးကျော်တင်က အစည်းအဝေးသို့ တက်ရောက်လာသည့် နှစ်ဖက်ကိုယ်စား လှယ်များအား သင်္ဂဟဟိုတယ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနတို့ ဦးဆောင်၍ ကျင်းပ သည့် ဖော်ပြပါအစည်းအဝေးကို မြန်မာ နှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုနှင့် အကျိုးသက် ရောက်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြားအလှည့်ကျ နှစ်စဉ် ပုံမှန်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင် သည့် ၂+ ၂ အဆင့်မြင့်ဆွေးနွေးပွဲ မကျင်းပမီ နိုဝင်ဘာ ၂၄ ရက်တွင် ဒုတိယ ဝန်ကြီး ဦးကျော်တင်နှင့် တရုတ်နိုင်ငံခြား ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန်းမင်တို့ ဦးဆောင်သော နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် General Xu Fenlin တို့ ဦးဆောင် သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

(သတင်းစဉ်)

No comments:
Post a Comment