နေပြည်တော် နိုဝင်ဘာ ၂၅
Australia-Myanmar Constitutional Democracy Project အရ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် Konrad Adenauer
Stiftung (KAS) တို့ပူးပေါင်း၍ ''ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
တရားရုံးများ၏ လုပ်ငန်းတာဝန်နှင့် အခန်းကဏ္ဍများအား
နှိုင်းယှဉ်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ'' (Workshop on the
Role and Function of Constitutional Courts in Comparative Perspective
ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်က အဖွင့်အမှာစကားပြောကြားပြီး သြစတြေးလျနိုင်ငံ University of New South Wales (UNSW) မှ Professor Theunis Roux ၊ Konrad Adenauer Stiftung (KAS) မှ Director Ms. Gisela Elsner နှင့် Dr. Norbert Eschborn တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
အလုပ်ရုံဆွေးနွေးပွဲကို Professor Theunis Roux က The Role of the Constitutional Tribunal ခေါင်းစဉ်နှင့် Constitutional Interpretation ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦ်းကျော်ဆန်းက Jurisdiction of the Constitutional Tribunal ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Professor Melissa Crouch က Public Profile of the Constitutional Tribunal ခေါင်းစဉ်နှင့် Procedure and Access to the Tribunal ခေါင်းစဉ်တို့ဖြင့်လည်ကောင်း၊ Professor Dr. Rainer Grote က Remedies in Constitutional Law ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးဖြေကြား ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ ဆွေးနွေးသည့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:
Post a Comment