Saturday, November 26, 2016

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူးတို့အား လက်ခံတွေ့ဆုံ


Image may contain: 7 people , indoor
 နေပြည်တော် နိုဝင်ဘာ ၂၅

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန်းမင်နှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ ဒုတိယညှိနှိုင်းကွပ်ကဲရေးမှူး General Xu Fenlin တို့ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ (ဝဲပုံ)
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment