Monday, November 28, 2016

ဖြစ်တောင့်ဖြစ်ခဲသော မိုးကြိုးမုန်တိုင်းကြောင့် ပန်းနာရင်ကျပ်ဝေဒနာဖြစ်ပွားကာ မဲလ်ဘုန်း၌ သေဆုံးသူခြောက်ဦးရှိ


မဲလ်ဘုန်း နိုဝင်ဘာ ၂၇

သြစတြေးလျမြို့တော် မဲလ်ဘုန်း၌ ဖြစ်တောင့်ဖြစ်ခဲသော မိုးကြိုးမုန်တိုင်း ဝင်ရောက်မှုကြောင့် ပန်းနာရင်ကျပ် ဝေဒနာဖြစ်ပွားကာသေဆုံးသူအရေအတွက်မှာ ခြောက်ဦးအထိ ရှိသွားပြီဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် သုံးဦးမှာ အရေးပေါ် အခြေအနေတွင်ရှိနေသည်ဟု ဆိုသည်။
တနင်္လာနေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု များကြောင့် ဗစ်တိုးရီးယားဒေသတွင် ပန်းဝတ်မှုန်များ ဝင်ရောက်ကာ လူထောင်ပေါင်းများစွာတို့သည် ဓာတ် မတည့်သည့် ပန်းနာရင်ကျပ်ဝေဒနာ ကိုခံစားခဲ့ရကြောင်း သိရသည်။

လူထောင်ပေါင်းများစွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက် အခဲရှိနေကြောင်း ဖုန်းခေါ်ဆိုမှုဝင်ရောက် လာပြီးနောက် ဆေးရုံအသီးသီးမှ ဆေးဝန်ထမ်းများအား အရေးပေါ်ကုသမှု လုပ်ဆောင်ရန် ဖြန့်ကြက်ထားကြောင်း သိရသည်။ ဆေးရုံတက်ရောက်ကာ ကုသ မှုခံယူနေသူ ၈ဝဝဝ ကျော်ရှိသည်။
သြစတြေးလျတွင် လူ ၁ဝ ဦးလျှင် တစ်ဦးမှာ ပန်းနာရင်ကျပ်ရှိနေပြီး ဝေဒနာရှင်များ၏ ၈ဝ ရာခိုင်နှုန်းခန့်သည် ဓာတ်မတည့်သည့် တုံ့ပြန်မှုကို ခံစား နေရကြောင်း သိရသည်။ (ဘီဘီစီ)

No comments:

Post a Comment