Monday, November 28, 2016

ဒီပါဝလီ ဂုဏ်ပြုညစာ စားပွဲကျင်းပ


ရန်ကုန် နိုဝင်ဘာ ၂၇

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစုအသင်း (M.I.I.B.A) နှင့် မြန်မာ-အိန္ဒိယ ဓနသဟာယအသင်း (M.I.A)တို့က ကြီးမှူးကျင်းပသည့် ဟိန္ဒူဘာသာဝင်များ၏ ဟိန္ဒူရိုးရာပွဲတော် ဒီပါဝလီ ဂုဏ်ပြုညစာ စားပွဲကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဒီပါဝလီပွဲတော်ကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး ဆီမီးများ ထွန်းညှိပူဇော်ကြသည်။
ထို့နောက် မြန်မာ-အိန္ဒိယအပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစုအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဝမ်းမြောက်စကားပြောကြားကြ သည်။

ယင်းနောက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစုအသင်းနှင့် မြန်မာ-အိန္ဒိယ ဓနသဟာယအသင်းတို့၏ ဆောင်ရွက်ချက်များကို ပရိုဂျက်တာဖြင့် ပြသကာ ဟိန္ဒူရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဧည့်သည်တော်များအား ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment