Monday, November 28, 2016

ကွယ်လွန်သူ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကတ်စထရို၏ ရုပ်အလောင်းကို မီးသဂြုင်္ိဟ်သည့်အခမ်းအနားပြုလုပ်


ဟာဗားနား နိုဝင်ဘာ ၂၇ 

ကျူးဘားနိုင်ငံ၏ တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် သမ္မတဟောင်း ဖီဒယ်ကက်စထရို ကွယ်လွန်ကြောင်းကို သောကြာနေ့ နှောင်းပိုင်းတွင် ကြေညာခဲ့သည်။
အသက် ၉ဝ တွင် ကွယ်လွန်သွား သည့် သမ္မတဟောင်း ဖီဒယ်ကက်စထရို၏ ရုပ်အလောင်းကို စနေနေ့တွင် မီးသင်္ဂြိုဟ်သည့် အခမ်းအနားပြုလုပ်ခဲ့သည်။ က္ဘာ့ခေါင်းဆောင်အချို့က ၂ဝရာစုနှစ်၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
သို့သော် အမေရိကန်၏သမ္မတအဖြစ် ရွေးချယ်ခံထားရသူ ဒေါ်နယ်ထရန့်သည် ဖီဒယ်ကက်စထရိုအား ရက်စက်ကြမ်းကြုတ် သည့် အာဏာရှင်တစ်ဦးအဖြစ် ဖော်ပြခဲ့သည်။ ကက်စထရိုသည် ၁၉၅၉ ခုနှစ် တွင်အာဏာရရှိလာခဲ့ပြီး ဆယ်စုနှစ်များစွာကြာအောင် အမေရိကန်ကို ဆန့်ကျင်လျက် ကွန်မြူနစ်တော်လှန်ရေး ဦးဆောင်သူတစ်ဦးအနေဖြင့် ပေါ်ထွက်လာခဲ့သည်။
ကက်စထရိုကို ထောက်ခံသူများက ¤င်းသည် စစ်အေးတိုက်ပွဲတစ်လျှောက် အမေရိကန်ကိုဆန့်ကျင်ကာ ကျူးဘားရှိ ပြည်သူများထံသို့ ပြန်လာခဲ့သူအဖြစ် ရှုမြင်ခဲ့ကြသည်။ ကက်စထရိုကို ဝေဖန်သူများကမူ အာဏာရှင်တစ်ဦးအဖြစ် ပြောဆိုခဲ့ကြ သည်။
(ဘီဘီစီ)

No comments:

Post a Comment