Tuesday, November 29, 2016

ကျောက်ဆည်ကန် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ဒေသခံလယ်သမားများနှင့် သဘောတူညီမှုရရှိနိုင်ရန် ဦးစွာညှိနှိုင်း


 
 
 
နေပြည်တော် နိုဝင်ဘာ ၂၈

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ တွင် လွှတ်တော်ကိုယ်စားလှယ်များက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ကဏ္ဍဆိုင်ရာ မေးခွန်း ခုနစ်ခုမေးမြန်းပြီး စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းဆိုင်ရာ အဆို ၁ ခု တင်သွင်းသည်။

လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင် ၏ လဟယ်မြို့နယ် တိုက်ယံကျေးရွာနှင့် အံပေါ်ကျေးရွာတစ်လျှောက်ရှိ လယ်မြေ များ ပြန်လည်ဖော်ထုတ်ခြင်း၊ အသစ် ဖော်ထုတ်ခြင်းလုပ်ငန်းများ လုပ်ဆောင် နိုင်ရန် စက်ယ္တရားများ၊ နည်းပညာရှင် များနှင့် လိုအပ်သောရန်ပုံငွေ ပံ့ပိုးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တိုက်ယံကျေးရွာ နှင့် အံပေါ်ကျေးရွာများ၌ လယ်ယာမြေ ဖော်ထုတ်မည်ဆိုပါက အဓိကအားဖြင့် လှေကားထစ်ကုန်းမြင့် လယ်ယာမြေ ဖော်ထုတ်ရမည့် အခြေအနေဖြစ်ပါ ကြောင်း။

လှေကားထစ်ကုန်းမြင့် လယ်ယာ ဖော်ထုတ်ခြင်းလုပ်ငန်းကို ဒေသလိုအပ် ချက်နှင့် လျော်ညီစွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဌာနမှနည်းပညာနှင့် အကောင်အထည်ဖော်မှု လုပ်ငန်းများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

တိုက်ယံကျေးရွာနှင့် အံပေါ်ကျေးရွာ များ၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှ စတင်၍ လှေကားထစ်ကုန်းမြင့် လယ်ယာ မြေဖော်ထုတ်ခြင်းကို စီမံချက်ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ချိန်တွင် စက်မှု လယ်ယာဦးစီးဌာနအနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ဖော်ထုတ်မည့်ဧရိယာများကို တည်နေရာ အလိုက် စူးစမ်းလေ့လာခြင်းမှစ၍ နည်း ပညာလိုအပ်ချက်များကို ဖြည့်ဆည်းပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပျော်ဘွယ်မဲဆန္ဒ နယ်မှ ဦးသောင်းအေး၏ ကျောက်ဆည် ကျေးရွာအနီးရှိ ကျောက်ဆည်ကန်၏ သဲနုန်းများ တူးဖော်ခြင်းကို အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျောက်ဆည် ကန် သဲနုန်းတူးဖော်ခြင်း လုပ်ငန်းဆောင် ရွက်နိုင်ရန် ယခင်အစိုးရလက်ထက်က စီမံဆောင်ရွက်ခဲ့သော်လည်း ရန်ပုံငွေ မရရှိခြင်း၊ ကန်ရေဝပ်ဧရိယာအတွင်းရှိ လယ်မြေ ၁၄၂၁ ဧက တွင် စိုက်ပျိုးလျက် ရှိသော လယ်သမားများက သဘောတူညီ မှုမရှိခြင်းတို့ကြောင့် လုပ်ငန်းများဆောင် ရွက်နိုင်ခြင်း မရှိခဲ့ပါကြောင်း။

ကျောက်ဆည်ကန် သဲနုန်းတူးဖော် ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ကန်ရေဝပ် ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်လျက် ရှိသော ဒေသခံလယ်သမားများနှင့် သဘောတူညီမှုရရှိနိုင်ရန် ဦးစွာညှိနှိုင်း ဆွေးနွေးရမည်ဖြစ်ပြီး သဘောတူညီမှု ရရှိပြီးမှသာ လုပ်ငန်းများ ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်း သည် လုပ်ငန်းပမာဏကြီးမားပြီး ရန်ပုံငွေ လိုအပ်ချက် များပြားသောကြောင့် ဘဏ္ဍာနှစ် အပိုင်းအခြားအလိုက် လိုအပ် ရန်ပုံငွေကို တင်ပြတောင်းခံကာ ရန်ပုံငွေ ရရှိမှုအပေါ် အခြေခံ၍ ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့အတူ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ မောက်မယ်မဲဆန္ဒ နယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ လှိုင်းဘွဲ မဲဆန္ဒနယ်မှ ဦးခင်ချို၊ မဘိမ်းမဲဆန္ဒနယ် မှ ဦးအောင်မြင့်ရှိန်နှင့် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းတို့၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ရှင်းလင်းဖြေကြားခဲ့ သည်။

ယနေ့အစည်းအဝေးတွင် ပြည်မဲ ဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် ကျေးရွာဘဏ် ကော်မတီများကို စနစ်တကျဖွဲ့စည်း၍ ကျေးရွာအရောက် သွားရောက်ချေးပေး သောပုံစံ ပြောင်းလဲဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်သည်။

အဆိုတင်သွင်းစဉ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က တောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီလျင်မြန် လွယ်ကူစွာ ချေးယူရရှိစေရန်နှင့် ချေးငွေ ထုတ်ယူရာတွင် ကုန်ကျသည့်စရိတ် သက်သာစေရန်အတွက် တင်သွင်းရခြင်း ဖြစ်ကြောင်း၊ တောင်သူများကိုယ်တိုင် လာရောက်ထုတ်ချေးရသည့်အခါ ရွာမှ မြို့အထိ တက်လာရသည့်အတွက် အချိန်ကုန် လူပင်ပန်းကြပါကြောင်း၊ ပြည်မြို့နယ်ရှိ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဧရိယာသည် ကျဉ်းသည့်အတွက် တောင်သူများသည် လမ်းဘေးပလက် ဖောင်းနှင့် လမ်းမများပေါ်၌ တစ်နေကုန် စောင့်ဆိုင်းကြရပါကြောင်း၊ ခရီးစရိတ်၊ စားစရိတ် အပိုငွေကြေးများ ကုန်ကျရ ကြောင်း ထည့်သွင်းတင်ပြခဲ့သည်။

ယင်းနောက် အမျိုးသားလွှတ်တော် က ပြင်ဆင်ချက်မရှိအတည်ပြု၍ ပေးပို့ လာသော ပြည်တွင်းရေကြောင်းပို့ဆောင် ရေးအဖွဲ့ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီက တင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် ကိုယ်စားလှယ် များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အသိပေး ကြေညာသည်။
(သတင်းစဉ်)

No comments:

Post a Comment