Tuesday, November 29, 2016

စပါးရိတ်သိမ်းချိန် တောဆင်များ အန္တရာယ်ကြုံ၍ လျှပ်စစ်ခြံစည်းရိုးကာရံပေးရန် ဒေသခံများမျှော်လင့်

 
 
 
ထင်သာမြင်သာပြုပြင်စရာ


တိုက်ကြီးမြို့နယ် ချင်းကုန်းအုပ်စု ကျားချောင်းကျေးရွာတွင် နှစ်စဉ် စပါးရိတ်သိမ်းချိန် တောဆင်အ္တရာယ် ကြုံတွေ့နေရသဖြင့် စပါးခင်းများဆုံးရှုံးခြင်းနှင့် တောင်ယာလုပ်ကိုင်သည့်အခါ ဒေသခံများအနေဖြင့် ဆင် နှင့်တွေ့မည်ကို စိုးရိမ်လျက်ရှိကြောင်း ရပ်မိရပ်ဖများထံမှ သိရသည်။
ကျားချောင်းကျေးရွာတွင် စပါးစိုက်ပျိုးသူ ၃ဝ ခန့်ရှိရာ စပါးများရင့်မှည့်ချိန်မှစ၍ တောဆင်များ လာရောက် စားသောက်လေ့ရှိပြီး စပါးများဆုံးရှုံးလျက်ရှိသည်။ ယခုနှစ်တွင်လည်း တောင်သူ ဦးသိန်းဇော်နှင့် ဦးမြင့်အောင်တို့ စပါးစိုက်ပျိုးထားသော လယ် ၁ဝ ဧကကို ဝင်ရောက်စားသောက်ခဲ့သဖြင့် စပါးများ ဆုံးရှုံး ခဲ့သည်။ ၄င်းတို့အနေဖြင့် ဆင်ရန်ကို ကာကွယ်နိုင်ရန် စပါးပင်များမခြောက်မီ ရိတ်သိမ်းပြီး ရွာထဲသို့ သယ် ယူထားရကြောင်း သိရသည်။ လယ်ထဲ၌စပါးမရှိလျှင် ဆင်များရွာထဲလာတတ်သဖြင့် အထူးဂရုစိုက်နေရ ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ညကလည်း ဆင်တွေရွာထဲဝင်မယ်လုပ်လို့ ထွန်စက်တွေ၊ ဆိုင်ကယ်တွေနှိုး၊ မီးတွေထိုး၊ ဗြောက် အိုးတွေဖောက် မောင်းထုတ်ခဲ့ရတယ်။ လယ်စောင့်တဲကို နင်းသွားတယ်။ ဆင်က တစ်ကောင်တည်းလည်း လာတယ်။ သုံးကောင်အုပ်လည်းလာတယ်။ တစ်ခါတလေ လေး၊ ငါးကောင်လည်းလာတယ်။ ကျွန်တော်တို့ ရွာက တောထဲအလုပ်သွားလုပ်တဲ့ သုံးယောက် ဆင်နဲ့ပက်ပင်းတိုးတာ နှစ်ယောက်က ဆင်နင်းလို့ သေတယ်။ တစ်ယောက်ကတော့လွတ်သွားတယ်''ဟု ရာအိမ်မှူး ဦးအိုက်တူးက ပြောပြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးခြံများတွင်လည်း ညဘက်တွင် ဆင်များ ဝင်ရောက်သောကြောင့် အလုပ် သမားများ ဆင်ရန်ကိုကြောက်ပြီး ပြန်သွားကြသဖြင့် အလုပ်လုပ်မည့်သူမရှိကြောင်း ခြံစိုက်ပျိုးသူ ဦးနန်းအောင်က ပြောပြသည်။

နှစ်စဉ် ဆင်ဝင်ရောက်မှုကာကွယ်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သုတေသနအဖွဲ့မှ ဆင်နှင့်လူ ပဋိပက္ခလျော့ကျစေရန် တိုက်ကြီးမြို့နယ် ချောင်းဆောက်ကျေးရွာကဲ့သို့ ကျားချောင်းကျေးရွာနှင့် လယ်ယာမြေများကိုလည်း လျှပ်စစ်ခြံ စည်းရိုးကာရံပေးစေလိုကြောင်း သိရသည်။
ထွန်းလှိုင်

No comments:

Post a Comment