Monday, November 28, 2016

လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးဆောင်ရွက်



Image may contain: 2 people , indoor
နေပြည်တော် နိုဝင်ဘာ ၂၇
လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများအား ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ခရိုင်လူမှုဝန်ထမ်းရုံးဆောက်လုပ်ရန် လျာထားမြေနေရာအား လည်းကောင်း၊ လူကုန်ကူးခံရသူများ၏ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ထိခိုက် နစ်နာမှုများအတွက် လူမှုဝန်ထမ်း ပညာရပ်များဖြင့် ကူညီမှုနှင့် ရပ်ရွာအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး ဆောင်ရွက်ပေးလျက်ရှိသော လေးမိုင်ရွာရှိ ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာအား လည်းကောင်း ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် သဘာဝဘေးဖြစ်ပွား ပေါ်ပေါက်ပါက ယာယီခိုလှုံရန်နှင့် သာမန်အချိန်တွင် စာသင်ကျောင်းအဖြစ် အသုံးပြုနိုင်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အအုံဆောက်လုပ်နိုင်ရေး ပုလုံးတုံးတုံးကျေးရွာရှိ လျာထားမြေ နေရာအားလည်းကောင်း၊ မူလတန်းကြိုကျောင်း ဆောက်လုပ်ရန် ရွှေပြည်သာရပ်ကွက်ရှိ လျာထားမြေ နေရာအားလည်းကောင်း၊ မူးယစ် ဆေးဝါးသုံးစွဲပြီး ဆေးကုသမှုခံယူပြီး သူများအား ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်းနှင့် နောက်ဆက်တွဲ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို စခန်းအခြေပြု စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည် ထူထောင်ရေး နည်းဗျူဟာသုံးရပ်ဖြင့် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်နိုင်ရေး လျာထားမြေနေရာအား လည်းကောင်း၊ ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး မှူးရုံးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေအားလည်းကောင်းကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းလုပ်ငန်းများနှင့် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်း လူငယ်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment