Tuesday, November 1, 2016

မောင်တောမြို့နယ် ငါးခူရကျေးရွာ၌ ဈေးဆိုင်ခန်းတစ်ခုမှစတင်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား



Image may contain: night, plant and outdoor
နေပြည်တော် အောက်တိုဘာ ၃၁
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရကျေးရွာ၌ အောက်တိုဘာ ၃ဝ ရက် ည ၈နာရီခွဲခန့်က မသင်္ကာဖွယ်ရာ မီးရောင်တွေ့မြင်ရသဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ နုရူဒိန်(ဘ)ဒီမာမောက်၏ ဈေးဆိုင်ခန်း မီးလောင်ကျွမ်းနေသည်ကို တွေ့ရသည်။
မီးလောင်ကျွမ်းနေမှုအား အဆိုပါကျေးရွာတွင် နေထိုင်ကြသူများက ငြှိမ်းသတ်ခြင်းမရှိသဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကိုခေါ်ယူပြီး ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၉နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုးဝါးထရံကာ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်၊ ဆိုင်ကယ်အပိုပစ္စည်းဆိုင် တစ်ဆိုင်၊ ပရိဘောဂပစ္စည်းဆိုင်တစ်ဆိုင်၊ ဆံသဆိုင် တစ်ဆိုင်နှင့် ဆိုင်ခန်း အလွတ်နှစ်ခန်း စုစုပေါင်း ဆိုင်ခန်း ခြောက်ခန်း ပျက်စီးဆုံးရှုံးခဲ့ပြီး ကျေးရွာလုံခြုံမှု ရရှိ စေရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
(မြဝတီ)

No comments:

Post a Comment