Friday, November 25, 2016

တရုတ်နိုင်ငံအရှေ့ပိုင်း လုပ်ငန်းခွင်တစ်ခု၌ ငြမ်းကျိုးကျ၊ လူ ၆၇ ဦးသေဆုံး



Image may contain: sky, outdoor and one or more people
ပေကျင်း နိုဝင်ဘာ ၂၄
တရုတ်နိုင်ငံအရှေ့ပိုင်းရှိ တည်ဆောက်ဆဲ လျှပ်စစ်ဓာတ် အားပေးစက်ရုံ လုပ်ငန်းခွင်တစ်ခု၌ ငြမ်းကျိုးကျခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမား ၆၇ ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ယင်းဓာတ်အားပေးစက်ရုံသည် နိုင်ငံအရှေ့ပိုင်း ကျန်းရှီးခရိုင်တွင်တည်ရှိပြီး နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း တွင် ဆောက်လုပ်ရေးလုပ်သားများက ဓာတ်ပေါင်းဖိုတစ်ခု ဆောက်လုပ်နေစဉ် ငြမ်းကျိုးကျခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးလုပ်သားများက အပျက်အစီးများအောက်တွင် ပိတ်မိနေသော လုပ်သားများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဓာတ်အားပေးစက်ရုံတွင် ၁၆၈ မီတာရှည်လျားသော ဓာတ်ပေါင်းဖိုနှစ်ခုပါရှိမည်ဖြစ်သည်။
ဆင်ဟွာ။

No comments:

Post a Comment