မန္တလေး နိုဝင်ဘာ ၂၄
မန္တလေးတက္ကသိုလ် ထူထောင်ပေးခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ကျဆုံး
ခဲ့သည့် အမျိုးသားစီမံကိန်းနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီး
ဆရာကြီးဦးရာဇတ် ရုပ်တုဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက
မ္တလေးတက္ကသိုလ် ရာဇတ် ခန်းမဆောင်၌ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
မန်းဝင်းခိုင်သန်း၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊
ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဆရာကြီး ဦးရာဇတ်ရုပ်တုဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မ္တလေးတက္ကသိုလ်ကျောင်း သားဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်က ရုပ်တုဖြစ်မြောက်ရေး ကြိုးပမ်းအားထုတ် မှုအကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဆရာကြီးဦးရာဇတ်၏ သားကြီးဦးတင်မြင့်နှင့်မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းတို့က ကျေးဇူးတင်စကားများ ပြောကြားကြပြီး ပါဠိဘာသာ ထူးချွန်ဆုရကျောင်းသူအား ရွှေတံဆိပ်နှင့် ငွေသားကျပ် ငါးသိန်းကို ဆရာကြီး ဦးရာဇတ်၏သားကြီး ဦးတင်မြင့်က ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဆရာကြီးဦးရာဇတ်ရုပ်တုကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရုပ်တုဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်၊ သားကြီးဦးတင်မြင့်နှင့်တာဝန်ရှိသူများက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-တင်မောင်(မန်းကိုယ်ပွား)

No comments:
Post a Comment