Sunday, November 27, 2016

မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံချစ်ကြည်ရေးပြိုင်ပွဲဝင် မော်တော်ယာဉ်များ မန္တလေးမြို့မှ နေပြည်တော်သို့ထွက်ခွာ



Image may contain: 1 person , outdoor
မန္တလေး နိုဝင်ဘာ ၂၆
မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ ချစ်ကြည်ရေးနှင့်စီးပွားရေး၊ ခရီးသွား လာရေးမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့်မော်တော်ကားပြိုင်ပွဲ ပြိုင်ပွဲဝင်မော်တော်ယာဉ်များသည် နိုဝင်ဘာ၂၅ ရက် ညနေ ၅ နာရီခွဲက မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး နိုဝင် ဘာ၂၆ ရက် နံနက် ၈ နာရီက မန္တလေး မြို့မှနေပြည်တော်သို့ ထွက်ခွာခြင်း တာလွှတ်အခမ်းအနားကို အောင်မြေ သာစံမြို့နယ်ရှိ Mandalay Hill Resort Hotel ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသ ကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမျိုးသစ်၊မန္တလေးမြို့ရုံးစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Dr.Nandakumar Nagendran နှင့်အိန္ဒိယနိုင်ငံအဝေး ပြေးလမ်းများ ဖွံ့ဖြိုးရေးဌာနညွှန် ကြားရေးမှူး Shri Anand Kumar တို့ တက်ရောက်အားပေးပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အလံရိုက်၍ပြိုင်ပွဲဝင်မော်တော်ယာဉ်များအား တာလွှတ်ပေးသည်။ ချစ်ကြည်ရေးပြိုင်ပွဲဝင် မော်တော်ယာဉ်များသည် နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှထွက်ခွာလာပြီး မြန်မာနိုင်ငံ တမူးမြို့ကိုဖြတ်ကာ ကလေးမြို့၊ ပုဂံညောင်ဦးမြို့၊ မန္တလေးမြို့တို့တွင် ညအိပ်ရပ်နားခဲ့ ပြီး နေပြည်တော်သို့ ခရီးဆက်လက် ထွက်ခွာခြင်းဖြစ်ကြောင်း ပြိုင်ပွဲဝင် မြန်မာအဖွဲ့မှ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က ပြောပြသည်။
မော်တော်ကားမောင်းပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံထုတ် TATA အမျိုးအစား 4Wheel ယာဉ်အစီး ၂ဝ ဖြင့် တစ်စီးလျှင် နှစ်ဦးနှုန်းပါဝင်သည်။ ပြိုင်ပွဲဝင် မော်တော်ယာဉ်များသည် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာမည်ဖြစ်ပြီးမှ မော်လမြိုင်၊ ဘားအံ၊ မြဝတီမှ ထိုင်း နိုင်ငံမဲဆောက်သို့ သွားရောက်မည်ဖြစ်ကြောင်း ခရီးစဉ်တစ်လျှောက် ၁၉ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သီဟကိုကို(မန္တလေး)

No comments:

Post a Comment