Wednesday, November 30, 2016

ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ အောင်ပွဲခံနိုင်ပါ့မလား



မိုးမြင့်လင်းလက်

စပိန်မြေမှာတော့ ဒီတစ်ပတ်ကြားရက်မှာ စပိန်ဘုရင့်ဖလား စတုတ္ထအဆင့် ပထမအကျော့ပွဲစဉ်တွေ ကစားဖို့ရှိနေပါတယ်။ ဒီပွဲစဉ် မှာတော့ စပိန်ဘုရင့်ဖလားကို မျှော်မှန်းနေတဲ့ အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဗီလာရီးရဲ၊ အက်သလက်တီကိုတို့ရဲ့ ခြေစွမ်းက ချန်ပီယံ အဆင့်နဲ့ လိုက်လျောညီထွေ ရှိ မရှိစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေက အသင်းငယ်တွေဖြစ်တာမို့ ဖိဖိစီးစီးကစားရင် အခြေအနေကောင်းနဲ့ ကြုံတွေ့ရဖို့ များနေတာတော့ အမှန်ပါပဲ။

ဟာကျူးလက်စ်နှင့် ဘာစီလိုနာ
အသင်းငယ်ဖြစ်တဲ့ ဟာကျူးလက်စ်ဟာ ဘာစီလိုနာ ကို ဂိုးပြတ်မရှုံးဖို့ဘဲ အာရုံစိုက်ရမှာဖြစ်ပြီး တစ်မှတ်ရရှိဖို့ တောင် မလွယ်ပါဘူး။ ဘာစီလိုနာဟာ ၂ဝ၁၁ ခုနှစ်က ဟာကျူးလက်စ်နဲ့ ဆုံတွေ့ခဲ့ဖူးပြီး အဲဒီပွဲမှာ သုံးဂိုးပြတ် နဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။ ဟာကျူးလက်စ်ဟာ အိမ်ကွင်းဖြစ် တာမို့ ခြေစွမ်းကောင်းပြသပြီး ဘာစီလိုနာတို့ပဲ ရယူ သွားပါလိမ့်မယ်။ အိမ်ရှင်တို့ မျှော်လင့်ချက်ထားလို့မရတဲ့ အခြေအနေဖြစ်ပေမယ့် အရန်လူတွေချည်းထုတ်သုံး လာဖို့ရှိတဲ့ ဘာစီလိုနာကြောင့် တစ်မှတ်လည်း ရသွား နိုင်ပါတယ်။

ဂူကျူလိုနှင့် အက်သလက်တီကို
စပိန်ဘုရင့်ဖလား စတုတ္ထအဆင့်ကိုရောက်ရှိဖို့ ဂူကျူ လိုတို့ ခက်ခက်ခဲခဲဖြတ်ကျော်လာခဲ့ရတာဖြစ်ပါတယ်။ ဂူကျူလိုတို့ရဲ့ လက်ရှိခြေစွမ်းကတော့ နိုင်ပွဲပျောက်ဆုံး နေတာမို့ အက်သလက်တီကိုတို့အတွက် ဖိအားကင်း ကင်းနဲ့ကစားပြီး နိုင်ပွဲရယူသွားဖို့ များနေပါတယ်။ အက် သလက်တီကိုတို့ကတော့ ရီးရဲမက်ဒရစ်အသင်းကို သုံး ဂိုးပြတ်ရှုံးခဲ့တဲ့ စိတ်ခံစားမှုကို ဒီပွဲရလဒ်နဲ့ ကစားမှာဖြစ် တာမို့ ဂူကျူလိုတို့အတွက် သရေရလဒ်တောင် မျှော်လင့်လို့ မရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

တိုရီနိုနှင့် ဗီလာရီးရဲ
တိုရီနိုတို့က စပိန်ပြည်တွင်း ဆီဂန်ဒါဘီတန်းမှာ တော့ တန်းစီဇယားဒုတိယနေရာမှာ ရပ်တည်နိုင်နေတဲ့ အသင်းဖြစ်ပါတယ်။ ၂ဝဝဝ ပြည့်နှစ်က တိုရီနိုနဲ့ ဗီလာ ရီးရဲတို့ တွေ့ဆုံခဲ့တဲ့ပွဲမှာ ဗီလာရီးရဲက သုံးဂိုး-တစ်ဂိုးနဲ့ နိုင်ပွဲရခဲ့ပါတယ်။ လက်ရှိခြေစွမ်းကိုကြည့်ရင် တိုရီနိုတို့ က နိုင်ပွဲ၊ သရေပွဲတွေ ဆက်နေပြီး ရှုံးပွဲမရှိကစားထား တာမို့ ဗီလာရီးရဲတို့ အလေးထားကစားမှ ရပါလိမ့်မယ်။ တိုက်စစ်ဖွင့်ကစားမယ့် ဗီလာရီးရဲရဲ့ စွမ်းဆောင်မှုအောက် မှာ တိုရီနိုအတွက် မျှော်လင့်ချက်ထားလို့မရတဲ့ အဖြစ် နဲ့ကြုံတွေ့ရပါလိမ့်မယ်။

ဖော်မန်တီရာနှင့် ဆီဗီလာ
စပိန်ဘုရင့်ဖလားပွဲတွေဆိုရင် ခြေစွမ်းပြနိုင်တဲ့ ဆီဗီ လာတို့က အဝေးကွင်းဆိုပေမယ့် အသင်းငယ်ဖော်မန် တီရာကို အနိုင်ကစားပါလိမ့်မယ်။ ဆီဗီလာတို့က စပိန် ဘုရင့်ဖလားသမိုင်းမှာ အောင်မြင်မှုရရှိနေတဲ့ အသင်း ဖြစ်ပြီး လက်ရှိခြေစွမ်းအရလည်း ဆီဗီလာတို့ သေသေ ချာချာပြင်ဆင်ကစားမှာဖြစ်တာမို့ ဒီပွဲမှာ အိမ်ရှင်တို့ မလွယ်ပါဘူး။ ဆီဗီလာတိုက်စစ်မှူးတွေက ဒီပွဲမှာ ဂိုး ပြတ်သွင်းပြီး အောင်ပွဲခံပါလိမ့်မယ်။

ဗယ်လာဒိုးလစ်နှင့် ဆိုစီဒက်
ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ ဗယ်လာဒိုးလစ် တို့ ဒီပွဲမှာအားထည့်လာဖို့ရှိနေပေမယ့် ဆိုစီဒက်ရဲ့ ကစား အားကို လျှော့တွက်လို့မရပါဘူး။ ၂ဝ၁၄ ခုနှစ်က ဒီနှစ် သင်းနောက်ဆုံးတွေ့ဆုံတဲ့ပွဲမှာ ဆိုစီဒက်က တစ်ဂိုး-ဂိုး မရှိနဲ့ နိုင်ခဲ့ပါတယ်။ အခုတလော နိုင်ပွဲဆက်နေတဲ့ ဆိုစီ ဒက်တို့ကိုပဲ ယုံကြည်မှုပေးပါလိမ့်မယ်။

ရေဆင်းနှင့် ဘီလ်ဘာအို
စပိန်ဘုရင့်ဖလားပွဲစဉ်တွေဆိုရင် ဘီလ်ဘာအိုတို့ ရှုံး ပွဲများပြီး ရေဆင်းက အသာစီးရတာများပါတယ်။ ဘီလ် ဘာအိုတို့က စိတ်ဓာတ်ကောင်းမွန်ပြီး ကြိုးစားအား ထုတ်မှုလည်း ကောင်းပါတယ်။ ရေဆင်းအတွက်က အိမ် ကွင်းမှာ ကစားရမှာဖြစ်တာမို့ ဘီလ်ဘာအိုတို့ကတော့ ခက်ခဲမယ့်ပွဲဖြစ်သွားနိုင်ပါတယ်။ ဘီလ်ဘာအိုတို့က ဒီ ပွဲမှာ အောင်ပွဲရအောင် ကြိုးစားမှာဖြစ်ပေမယ့် ရေဆင်း ရဲ့ အိမ်ကွင်းမှာ ကစားပုံမာကျောမှုက ဘီလ်ဘာအိုကို ခက်ခဲစေမယ့် ဖြစ်ရပ်မျိုးကြုံတွေ့နိုင်ပါတယ်။ ဒီပွဲမှာ ကြိုးစားအားထုတ်မှုက အပြိုင်ဖြစ်နေတာမို့ အမှတ် ခွဲဝေရယူသွားနိုင်ပါတယ်။ ။

No comments:

Post a Comment