Wednesday, November 30, 2016

လီဗာပူးတိုက်စစ်မှူး ကော်တင်ဟို ဇန်နဝါရီလလယ်အထိ အနားယူရမည်

Image may contain: 1 person , outdoor
လီဗာပူးအသင်း၏ တိုက်စစ်မှူး ဖီလစ်ပီကော်တင် ဟိုသည် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဇန်နဝါရီ လလယ်အထိ အနားယူရမည်ဖြစ်ကြောင်းသိရသည်။
အသက်(၂၄)နှစ်အရွယ်ရှိ တိုက်စစ်မှူး ကော်တင်ဟိုသည် လီဗာပူးအသင်းက ဆန်းဒါးလန်းအသင်းအား နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ် ပထမပိုင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
တိုက်စစ်မှူး ကော်တင်ဟိုသည် အဆိုပါဒဏ်ရာ ပြဿနာကြောင့် ရက်သတ္တငါးပတ်မှ ခြောက်ပတ်ကြာအထိ အနားယူရမည်ဖြစ်ကြောင်းလည်း သိရသည်။
လီဗာပူးအသင်း၏ အဓိကကစားရမည့် ပွဲစဉ်များ ဖြစ်သည့် ဒီဇင်ဘာ ၁၉ ရက်တွင် ဂွတ်ဒီဆင်ပါ့ခ်တွင် အဲဗာတန်အသင်းနှင့် ကစားရမည့်ပွဲစဉ်နှင့် နှစ်သစ်ကူးရက်တွင် အန်ဖီးလ်ကွင်း၌ မန်စီးတီးအသင်းနှင့် ကစား မည့် ပွဲစဉ်တို့တွင် တိုက်စစ်မှူး ကော်တင်ဟို လွဲချော်မည် ဖြစ်သည်။
လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့သည် နွေရာသီအပြောင်းအရွှေ့ကာလက ခေါ်ယူထားခဲ့သည့် တိုက်စစ်မှူး ဆာဒီယိုမာနေးကိုလည်း ဇန်နဝါရီလတွင် အသုံးပြုခွင့်ရရှိမည်မဟုတ်ဘဲ အဆိုပါတိုက်စစ်မှူးမှာ ဆီနီ ဂေါအသင်းနှင့်အတူ အာဖရိကဖလားယှဉ်ပြိုင်ကစားရ မည်ဖြစ်ကြောင်းသိရသည်။
တိုက်စစ်မှူး ကော်တင်ဟိုသည် လီဗာပူးအသင်း နှင့် လိဒ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် အီးအက်ဖ်အယ်လ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင်လည်း လွဲချော်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ခြေသလုံးဒဏ်ရာရရှိထားခဲ့သည့် လီဗာပူးအသင်း၏ တိုက်စစ်မှူး စတားရစ်ခ်ျလည်း ပါဝင်လာမည်မဟုတ်ကြောင်း သိရသည်။
သို့ရာတွင် လယ်လာနာသည် အင်္ဂလန်အသင်းနှင့် စပိန်အသင်းတို့ ခြေစမ်းပွဲကစားခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် လီဗာပူးအသင်း၏ ပြီးခဲ့သည့် ပွဲစဉ် နှစ်ပွဲလွဲချော်ခဲ့သော်လည်း လက်ရှိအချိန်တွင် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်၍ လီဗာပူးအသင်းနှင့်အတူ ပွဲထွက်လာဖွယ်ရှိနေကြောင်း သိရသည်။
(ငွေကြယ်)

No comments:

Post a Comment