Tuesday, November 1, 2016

အာဖဂန်တာလီဘန်အဖွဲ့ကို ထောက်ခံသည်ဆိုမှုအီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ငြင်းဆို



Image may contain: 1 person , beard
တီဟီရန် အောက်တိုဘာ ၃၁
အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်အဖွဲ့ကို မိမိတို့နိုင်ငံက အားပေးထောက်ခံ နေသည်ဟူသော စွပ်စွဲချက်များမှာ လိမ်ညာပြောဆိုမှုများသာလျှင်ဖြစ် ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာရမ်ဂွာဆမီ က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်အဖွဲ့သည် အီရန်နိုင်ငံနှင့် ဆက်ဆံရေးတည်ဆောက်နေပြီး ကွန်ရက်သစ်များကို ချိတ်ဆက်လျက်ရှိသည်ဟု အာဖဂန် တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူနှင့် ယင်းအဖွဲ့၏ ဒုတိယခေါင်းဆောင် လည်းဖြစ်သူ မူလာဇာဘီဟူလာက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆော်ဒီအာရေဗျအခြေစိုက် အယ်လ်အာရေးဘီးယား ရုပ်မြင်သံကြားဌာနက အောက်တိုဘာ ၃ဝ ရက်တွင် ထုတ်လွှင့်ခဲ့ပြီးနောက် အီရန်အစိုးရအဖွဲ့က အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။
ပီတီအိုင်။

No comments:

Post a Comment