Saturday, November 26, 2016

မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား လူနှင့်ကုန်စည်များပို့ဆောင်မှုကို ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင်ဆောင်ရွက်မည်


Image may contain: 4 people , table and indoor
 နေပြည်တော် နိုဝင်ဘာ ၂၅

အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး ကော်မတီ (National Transport Facilitation Committee-NTFC) ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးတွင် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့ စေရေးကော်မတီ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က GMS အဖွဲ့ဝင် နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်၍ လူနှင့်ကုန်စည် များ သယ်ယူပို့ဆောင်နိုင်ရန် GMS Road Transport Permit အား မြန်မာနိုင်ငံမှအပ မဲခေါင်ဒေသခွဲ ကျန်အဖွဲ့ဝင်နိုင်ငံ များက ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ၁ ရက်တွင် စတင်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၇ခုနှစ် ဇူလိုင် ၁ရက်တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ကနဦး အကောင် အထည်ဖော်ခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး အပြည့်အဝ အကောင်အထည်ဖော်ခြင်းကို အဖွဲ့ဝင်နိုင်ငံအားလုံးက ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်းက မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် ကို မိမိအနေဖြင့် သွားရောက်လေ့လာခဲ့ပြီး ဖြစ်ပါကြောင်း၊ ချစ်ကြည်ရေးတံတားနှင့် ကုန်သွယ်မှုဇုန်များ၏ ချဉ်းကပ်လမ်း ပြီးစီးမှု၊ အဆောက်အအုံများပြီးစီးမှု၊ မော်တော်ယာဉ်ရပ်နား စခန်းများ တည်ဆောက်ပြီးစီးမှု၊ လက်ရှိကုန်သွယ်ရေးဇုန်နှင့် ဆက်သွယ်မှုအခြေအနေများကို နောက်တစ်ကြိမ်ကျင်းပမည့် GMS-NTFC Joint Committee အစည်းအဝေးတွင် ဆွေးနွေးနိုင်ရန်လည်းကောင်း၊ အသင့်ဖြစ်ရန် လိုအပ်သော လုပ်ငန်းများအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြင်ဆင် နိုင်ရန်လည်းကောင်း၊ မိမိတို့ကော်မတီက ပံ့ပိုးရန်ရှိက သိရှိ ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ သားငါး၊ တိရစ္ဆာန်၊ အပင်၊ ပိုးမွှား၊ ရောဂါကင်းစင်ရေး စစ်ဆေးဆောင်ရွက်နိုင်မှု အခြေ အနေများကို တင်ပြနိုင်ရန်လည်းကောင်း၊ ကြိုတင်ပြင်ဆင်ထားရှိ နိုင်ရန်အတွက် ယခုအစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင် ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မော်တော်ယာဉ်များအတွက် မော်တော်ယာဉ်လိုင်စင်နှင့် ယာဉ်စစ်ဆေးခြင်း သက်သေခံ လက်မှတ်၊ မော်တော်ယာဉ်စံချိန်စံညွှန်းနှင့်ဝန်ချိန်၊ နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးလိုင်စင်၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ နှင့် လုပ်ငန်းစဉ်၊ နယ်စပ်လမ်း၊ တံတားများ အခြေအနေ၊ မဟာ မဲခေါင်ဒေသခွဲ လူနှင့် ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပို့ဆောင် ရေးမူဘောင်သဘောတူစာချုပ်၏ နောက်ဆက်တွဲနှင့် အခြေပြ စာချုပ်ငယ်များနှင့်အညီ ဌာနအလိုက် ဥပဒေလုပ်ထုံးလုပ်နည်း များကို အဆင်သင့်ဖြစ်စေရေး လိုအပ်ချက်များကို တက်ရောက် လာသည့် ဌာနအသီးသီးမှ ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးသို့ ၎င်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌဖြစ်သော စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းနှင့် လုပ်ငန်းဆက်စပ်နေသော ဌာနများမှ ဌာနအကြီးအကဲ များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment