
ရန်ကုန် နိုဝင်ဘာ ၂၇
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် တို့က ကျင်းပသည့် လတစ်လလျှင် နောက်ဆုံးအပတ်တိုင်း လူထု စုပေါင်းစက်ဘီးစီးပွဲ တာလွှတ်ခြင်း ကို ယနေ့နံနက် ၅ နာရီခွဲက ပြည်လမ်းမကြီးရှိ ဆီးဒိုးနားဟိုတယ်ရှေ့၌ ကျင်းပရာ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်/မြို့နယ် အရာရှိများ၊ အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး နှင့်တာဝန်ရှိသူများ၊ စက်ဘီးစီး ဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး က သေနတ်ပစ်ဖောက်၍ စတင် တာလွှတ်ပေးခဲ့သည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးနှင့် ခရိုင်/မြို့နယ် အရာရှိများ လိုက်ပါလျက် ၂ဝ၁၆ခုနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီး ဌာနမှ ကြီးမှူးကျင်းပသည့် မြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး (TSDP)အစီအစဉ်အရ ထန်းတပင် မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက် ကျေးရွာအုပ်စုပေါင်းစုံ ဖူဆယ် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင် ပွဲနှင့် မီနီမာရသွန်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့သည်။
ယင်းနောက်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်ဇံဦးက အမျိုးသား အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လည်းကောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က ရပ်ကွက်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရ ငမန်း (FC) ဖူဆယ်အသင်း၊ ဒုတိယဆုရ အမှတ်(၃)ရပ်ကွက် ဖူဆယ်အသင်း၊ တတိယဆုရ ဇေဖြိုးအောင် ဖူဆယ် အသင်းတို့အား တစ်ဦးချင်းဆု တံဆိပ်၊ ငွေသားဆုများနှင့် တံခွန် စိုက်ဆုဖလားကို လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိ သော ရိုးခွကျေးရွာဘော်လီဘော အသင်း၊ ဒုတိယဆုရရှိသော (၅) ရပ်ကွက် ဘော်လီဘောအသင်း၊ တတိယဆုရရှိသော ရွာသစ်ကျေးရွာ ဘော်လီဘောအသင်းတို့ အားတစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်ဇံဦးက ရပ်ကွက် ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲတွင် အကောင်းဆုံးဘောလုံးသမားဆု ရရှိသွားသော အမှတ်(၃)ရပ်ကွက် ဖူဆယ်အသင်းမှ ကျောနံပါတ်(၁၂)မောင်ကျော်ခိုင်ထူးအား ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ကြေးမုံ)
No comments:
Post a Comment