Wednesday, November 2, 2016

နှစ်နိုင်ငံမီဒီယာကဏ္ဍအတွေ့အကြုံတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေး



Image may contain: 5 people , suit
နေပြည်တော် နိုဝင်ဘာ ၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အား ပါကစ္စတန်နိုင်ငံ National Management College မှ ကျောင်းအုပ်ကြီး Mr. Naeem Aslam ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ehsan Ullah Batth တို့ ဦးဆောင်သာ National Management College မှ လေ့လာရေးကိုယ်စား လှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီးဌာန၏ လက်ရှိပြောင်းလဲဆောင်ရွက်နေမှုများ၊ သတင်းထုတ်ပြန်မှုဆိုင်ရာကိစ္စရပ်များ၊ အစိုးရသစ် လက်ထက်တွင် ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် နှစ်နိုင်ငံမီဒီယာကဏ္ဍအတွေ့အကြုံတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment