Saturday, November 26, 2016

အီရန်တွင် ခရီးသည်တင်ရထားနှစ်စင်းတိုက်မိ၊ လူ ၃၁ ဦး ထက်မနည်းသေဆုံး

Image may contain: mountain, outdoor and nature
တီဟီရန် နိုဝင်ဘာ ၂၅
အီရန်နိုင်ငံမြောက်ဘက် အလယ်ပိုင်းရှိ ဆမ်နန်ပြည်နယ်တွင် နိုဝင်ဘာ ၂၅ ရက်က ခရီးသည်တင်ရထားနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၃၁ ဦး ထက်မနည်း သေဆုံးရကြောင်း သေဆုံးသူအရေအတွက် တိုးမြင့်လာဖွယ်ရှိကြောင်း အဆိုပါပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
အီရန်အစိုးရရုပ်မြင်သံကြားဌာနက ထုတ် လွှင့်ပြသရာတွင် လမ်းချော်နေသည့် ရထားတွဲ လေးတွဲကို တွေ့မြင်ရပြီး ယင်းတို့ထဲမှ နှစ်တွဲ မှာ မီးလောင်ကျွမ်းလျက်ရှိသည်။
မီးသတ်သမားများသည် ရထားတွဲများအား လောင်ကျွမ်းနေသည့်မီးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟု အီရန်နိုင်ငံ ကြက်ခြေနီ အသင်းမှ ပြောရေးဆိုခွင့်ရှိသူ မိုစတာဖာမိုတာ ဇာဗီက အစိုးရတစ်ပိုင်းသတင်းဌာန ဖားစ်သို့ ပြောကြားသည်။ အဆိုပါ ရထားမတော် တဆဖြစ်ရပ်သည် အီရန်နိုင်ငံ မြို့တော် တီဟီရန် အရှေ့ဘက် ကီလိုမီတာ ၄ဝဝ၊ မိုင် (၂၅ဝ) အကွာရှိ ပြည်နယ်မြို့တော် ရှာဇစ်မှ တတ်ခန်ဘူတာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းမတော်တဆမှုတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် လူ ၅၂ ဦးအား ဆေးရုံတင် ကုသမှု များ ပြုလုပ်နေကြောင်း ဆမ်မန်ပြည်နယ် အုပ်ချုပ်ရေးမှူး မိုဟာမက်ရီမာခါဘက်ဇ်က ဖားစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါမတော်တဆမှုတွင် ပါဝင်သော ရထားနှစ်စင်းပေါ်၌ ခရီးသည်ဦးရေမည်မျှ လိုက်ပါလာသည်ကို လတ်တလောမသိရသေး ပေ။ ခရီးသည် ဦးရေ ၁ဝဝခန့်အား ကယ်ဆယ် ရရှိထားကြောင်း ဖားစ်သတင်းဌာနက ဖော်ပြသည်။
ဆင်ဟွာ။

No comments:

Post a Comment