Saturday, November 26, 2016

ပြန်လည်ပြင်ဆင်ရေးဆွဲထားသော ငြိမ်းချမ်းရေး သဘောတူညီချက် ကိုလံဘီယာအစိုးရနှင့် သူပုန်အဖွဲ့တို့ လက်မှတ်ရေးထိုး

Image may contain: 3 people , suit
ဘိုဂိုတာ နိုဝင်ဘာ ၂၅
ရာစုနှစ်ထက်ဝက်ကျော်မျှ ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်ပြီးဆုံးစေရန် ရည်ရွယ်လျက် ကိုလံဘီယာ အစိုးရအဖွဲ့နှင့် ကိုလံဘီယာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (ဖာ့ခ်)သူပုန်အဖွဲ့တို့သည် ပြင်ဆင်ရေးဆွဲထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများက နိုဝင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
မြို့တော်ဘိုဂိုတာ၌ နိုဝင်ဘာ ၂၄ ရက်က ကျင်းပသည့် အခမ်းအနားတစ်ရပ်တွင် သမ္မတ ယွန်မင်နျူယယ်ဆန်တို့စ်နှင့် ဖာ့ခ် သူပုန်အဖွဲ့တို့က ငြိမ်းချမ်းရေး သဘောတူ ညီချက်သစ်တစ်ရပ်အား ကျည်ဆန် ဟောင်းတစ်လုံးကို အသုံးပြုထားသည့် ကလောင်တံဖြင့် လက်မှတ်ရေးထိုးခဲ့ကြသည်။
အတိတ်ကာလက ဆယ်စုနှစ်များနှင့် ချီ၍ ဖြစ်ပွားခဲ့သောလက်နက်ကိုင် ပဋိပက္ခ ကို အဆုံးသတ်ကာ မိမိတို့ချစ်ခင်မြတ်နိုးရသည့် နိုင်ငံတော်အတွက် စည်းလုံးညီညွတ် ကြပါစို့ဟု သမ္မတဆန်တို့စ်က လက်မှတ် ရေးထိုးပြီးနောက် ပြောကြားသည်။
လက်တင် အမေရိကဒေသရှိ ကိုလံ ဘီယာနိုင်ငံ၌ (၅၂) နှစ်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်ရေးဆိုင်ရာ သဘောတူညီချက်မှာ အောက်တိုဘာ ၂ ရက်တွင် ကျင်းပသော လူထုဆန္ဒခံယူပွဲ တွင် ပယ်ချခံခဲ့ရသည်။ သို့ရာတွင် ငြိမ်းချမ်း ရေး သဘောတူညီချက်ကို ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ပြီးနောက် လက်မှတ်ရေးထိုးနိုင်ခြင်း ဖြစ်သည်။
မူလငြိမ်းချမ်းရေး သဘောတူညီချက် သည် သူပုန်ခေါင်းဆောင်များကို အလွန် အမင်း သက်ညှာခွင့်ပေးထားသည်ဟု ဝေဖန်ခံခဲ့ရသည်။
ရိုက်တာ။

No comments:

Post a Comment