Wednesday, November 2, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိ



Image may contain: 18 people
တိုကျို နိုဝင်ဘာ ၁
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်မြို့ရှိ ဂျပန် နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Masaki Yasumatsu နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့သည် တိုကျိုမြို့သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရောက်ရှိကြရာ ဂျပန်ဝန်ကြီးချုပ်၏ စီးပွားရေးဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟီရိုတိုအိဇုမိ၊ ဂျပန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တာတဲရှိ ဟီဂူချီနှင့် မြန်မာသံရုံး၊ စစ် သံရုံးဝန်ထမ်းများ၊ မိသားစုများက ဟာနေဒါ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် The Imperial Hotel သို့ ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:

Post a Comment