Tuesday, November 29, 2016

မူဆယ်ဒေသ နယ်မြေတည်ငြိမ်အေးချမ်းလာ၍ နေရပ်စွန့်ခွာတိမ်းရှောင်သူများ နေရပ်သို့ ပြန်လည်ထွက်ခွာ



 


မူဆယ်   နိုဝင်ဘာ   ၂၈

မူဆယ်မြို့ရှိ ကယ်ဆယ်ရေးစခန်းများ၌  ရောက်ရှိနေသည့်  နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူများသည် ယခုအခါ  နယ်မြေတည်ငြိမ်အေးချမ်းမှု ရရှိလာပြီဖြစ်၍ ၄င်းတို့၏ဆန္ဒအလျောက်  နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာနေကြရာ ကြက်ခြေနီ အသင်းများ၊ ပရဟိတအသင်းများ၊ ကျန်းမာရေးဌာနမှ လူနာတင်ယာဉ်များဖြင့် နေရပ် များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာလျက်ရှိရာ ဟိုမွန်ရပ်ကွက်  ခရစ်ယာန် ဘုရားကျောင်း  ကယ်ဆယ်ရေးစခန်း၌  ၁၄၂  ဦး၊  အောင်မင်္ဂလာဘုန်းတော်ကြီး ကျောင်း(စွမ်းစော်)၌  ၄၉ ဦး၊ နမ့်ခွမ်ဘုန်းတော်ကြီးကျောင်း၌ ရှစ်ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၁၅၁ ဦးနှင့် အမှတ်(၄) အခြေခံပညာမူလတန်း ကျောင်း၌ ၁၁ ဦးသာ ကျန်ရှိကြောင်း သိရသည်။
(ခရိုင် ပြန် /ဆက်)



No comments:

Post a Comment