Monday, November 28, 2016

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လာအိုနှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့နှင့် ငွေကြေးမူဝါဒဆိုင်ရာများဆွေးနွေး


နေပြည်တော် နိုဝင်ဘာ ၂၇ 

မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပသည့် (၅၂)ကြိမ်မြောက် အရှေ့ တောင်အာရှ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာရှိများ အစည်းအဝေးနှင့် (၃၆) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ဘုတ်အဖွဲ့အစည်း အဝေးများ(52nd SEACEN Gover- nors’ Conference/ High- Level Seminar and 36th Mee-ting of the SEACEN Board of Governors) ကို ဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်The Lake Garden Hotel ၌ ဆက်လက်ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ အရှေ့ တောင်အာရှ ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။SEACEN နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက် ချက်ရလဒ်များ၊ ၂ဝ၁၆ ခုနှစ် ဘဏ္ဍာ ရေးနှစ်အတွင်း Budget အကောင် အထည်ဖော်ဆောင်ရွက်သည့် ကိစ္စရပ် များနှင့် ၂ဝ၁၇ ခုနှစ်အတွက် ရှေ့လုပ်ငန်း စဉ်များနှင့် ဘတ်ဂျက်လျာထားချက်ကို SEACEN အမှုဆောင်ဒါရိုက်တာDr. Hans Genberg က တင်ပြခဲ့ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌများမှ သုံးသပ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ဆက်လက်၍ အရှေ့တောင်အာရှ ဗဟိုဘဏ်ဥက္ကဋ္ဌ များသည် ပူးတွဲသတင်းထုတ်ပြန်ချက် တစ်ရပ်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

SEACEN အစည်းအဝေး မကျင်းပမီနှင့် ကျင်းပစဉ်ကာလအတွင်း အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ အစည်းအဝေးနှင့် တစ်ဆက်တစ်စပ်တည်းBilateral Meeting များကို ကျင်းပခဲ့ ရာ နိုဝင်ဘာ ၂၅ ရက် နံနက် ၁ဝ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် လာအို နိုင်ငံဗဟိုဘဏ်တို့အကြား အစည်းအဝေး (Bilateral Meeting ) ကို ပြုလုပ် သည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် လာအို နိုင်ငံဗဟိုဘဏ်တို့အကြား ငွေကြေးမူဝါဒ ဆိုင်ရာ အကောင်အထည်ဖော်ဆောင် ရွက်မှုနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေး၊ ဘဏ်လုပ်ငန်းများ ကြပ်မတ်ကွပ်ကဲခြင်း၊ ကြီးကြပ်စစ်ဆေး ခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ယင်နေ့ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ထိုင်းဗဟိုဘဏ်တို့အကြား အစည်းအဝေး (Bilateral Meeting ) ကို ပြုလုပ် ခဲ့ကြရာ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုများ၊ နိုင်ငံသုံးငွေကြေးများဖြင့် ထိုင်းနှင့် မြန်မာနိုင်ငံတို့၏ ကုန်သွယ်မှု တွင် အသုံးပြုရေးအတွက် မြန်မာ$ကျပ်နှင့် ထိုင်းဘတ် နှစ်နိုင်ငံ ငွေကြေးဖလှယ်မှု အစီအစဉ်များ၊ အာဆီယံဘဏ်လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ် အောက်တွင် နှစ်နိုင်ငံဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ် ကျော်ငွေပေးချေမှုများနှင့် ငွေလွှဲပြောင်း မှုများအပေါ် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများနှင့် ကျွမ်းကျင်မှုအကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။ (သတင်းစဉ်)

No comments:

Post a Comment