Monday, November 28, 2016

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးဦးဆောင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့ မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး



Image may contain: crowd and one or more people
မိတ္ထီလာ နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်ယုယုမေနှင့်ဝန်ကြီးများ၏ဇနီးများ ဦးဆောင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မိတ္ထီလာမြို့ နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုအနေဖြင့် ယနေ့ နံနက် ၈နာရီ မှ ညနေ ၄ နာရီအထိ အောင်မင်္ဂလာခန်းမ၌ ကွင်းဆင်းဆေးကုပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်ရှိ ရပ်ကွက် ၁၄ ခု၊ ကျေးရွာ အုပ်စု ၅၈အုပ်စုရှိ ကျေးရွာ ၃၇၉ ရွာမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ယုယုမေနှင့် ဝန်ကြီးများ၏ဇနီးများ ဦးဆောင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့ သည် ကလေးအထူးကု၊ နား၊ နှာခေါင်း၊ သွား နှင့်ခံတွင်း၊ မျက်စိ၊ အရေပြားသမားတော်ကြီးများ၊ ဆရာဝန်ကြီးများလိုက်ပါပြီး မိတ္ထီလာခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦသက်နိုင်တို့နှင့်အတူ မိတ္ထီလာ ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်ခိုင် ဦးဆောင်သော သမားတော်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့်ပူးပေါင်း၍ မျက်စိရောဂါ၊ အရေပြားရောဂါ၊ ကလေး အထူးကု၊ သားဖွားနှင့်မီးယပ်ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိရောဂါများကို ကုသပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့က လာရောက်ဆေးကုသသော ဒေသခံပြည်သူများအား ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ တီဘီရောဂါ အကြောင်း၊ ဆောင်းရာသီတွင် ဖြစ်တတ်သည့် တုပ်ကွေးရောဂါအကြောင်း၊ ခံတွင်းကင်ဆာ အကြောင်း၊ အာရုံကြောအကြောင်းများကို ဟောပြောခဲ့ပြီး ဒေသခံပြည်သူများ ဆေးကုသခံ ယူနေမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါဆေးကုသပေးသည့် နေရာသို့ လာရောက်ပြသသည့် ဒေသခံပြည်သူများမှ ထပ်မံကုသရန် လိုအပ်ပါက ၎င်းလူနာများအား မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း၍ ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment